34 C
Yangon

နာမည်ကြီးတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ တပ်မ ၆၆ ကရင်နီပြည်မှာ အသေဆိုးများစွာဖြင့် တပ်ပျက်၊ တပ်မမှူးပါ ဒဏ်ရာရ ဆေးကုရ

Must read

ရန်ကုန်| စက်တင်ဘာ ၁၀

လောက်ကိုင်နဲ့ ရခိုင်ဒေသ တိုက်ပွဲတွေမှာ နာမည်ကြီးတယ်ဆိုတဲ့ တပ်မ ၆၆ ကရင်နီပြည်မှာတော့ တပ်မမှူးကိုယ်တိုင် အပြင်းအထန်ဒဏ်ရာရပြီး ဖွဲ့စည်းပုံပျက်တဲ့အထိ အခြေအနေဆိုးရွားနေပါတယ်။

ကရင်နီပြည်တိုက်ပွဲတွေမှာ စစ်ကူအနေနဲ့ တပ်ရင်း ၆ရင်းကို ဦးဆောင်လာခဲ့တဲ့ ဗိုလ်မှူးချုပ်အဆင့် တပ်မ ၆၆ တပ်မမှူး မျိုးမင်း ကိုယ်တိုင် ကရင်နီပြည်စစ်ဆင်ရေးမှာ အပြင်းအထန်ဒဏ်ရာရသွားပြီး တပ်မမှူးအစားထိုးရတဲ့အထိ ဖြစ်တယ်လို့ ကရင်နီတပ်မတော်က ပြောပါတယ်။

ကရင်နီတပ်မတော် အပါအဝင် KNDF တပ်တွေနဲ့ PDF တပ်တွေရဲ့ ခုံခံတိုက်ခိုက်မှု၊ တန်ပြန်ထိုးစစ်နဲ့ အခြား စစ်ဗျူဟာ အဝဝနဲ့ ပြန်လည်တိုက်ခိုက်မှုမှာ တပ်မ ၆၆ အခြေအနေဆိုးနေတာပါ။

ပရူးဆို တိုက်ပွဲမှာ စစ်ကောင်စီ တပ်ရင်းမှူး တစ်ဦးကျဆုံးခဲ့ပြီး ကျန်တပ်ရင်းမှူး နှစ်ဦးလည်း အခြားတိုက်ပွဲမှာ ဒဏ်ရာရခဲ့လို့ တပ်ရင်းမှူး ၃ ဦးသာ ကျန်ရှိနေတယ်လို့ ကရင်နီတပ်မတော်က ဖော်ပြပါတယ်။

ကရင်နီပြည်ရောက် တပ်မ ၆၆ အနေနဲ့ မကြာသေးတဲ့ ရက်အနည်းငယ်အတွင်းကလည်း နောက်ထပ်တပ်ရင်းမှူးတစ်ဦး အလုပ်တာဝန် ထမ်းဆောင်လိုစိတ်မရှိလို့ တင်ပြခဲ့ရာမှာ ပြစ်ဒဏ်ကျခံရဖို့များပြီး နောက်တန်းပြန်ပို့ခံထားရတယ်လို့ ဖော်ပြပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article