37 C
Yangon

ထီးလင်းမြို့နယ်တွင် ပြည်သူများ၏ လုံခြုံရေးအတွက် ဂိတ် ၄ ဂိတ်ဖွင့်လှစ်၊ ပြည်သူကို ရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ ငွေကြေးတောင်းခံလျှင် တိုင်ကြားနိုင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် အများပြည်သူများ၏ လုံခြုံရေးအတွက် ဂိတ် ၄ ဂိတ်ဖွင့်လှစ်လိုက်ပြီး မည်သည့်ငွေကြေးမှ တောင်းယူကောက်ခံမည်မဟုတ်ဘဲ ပြည်သူကို ရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ ငွေတောင်းလျှင် တိုင်ကြားနိုင်ကြောင်း YDF-Htilin က ကြေညာသည်။

အများပြည်သူ လုံခြုံစွာသွားလာနေထိုင်နိုင်ရန်ရည်ရွယ်၍ YDF-Htilin မှ ထီးလင်းမြို့နယ်အတွင်းတွင် လုံခြုံရေးဂိတ် ၄ ဂိတ် ဖွင့်လှစ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းဂိတ်များတွင် မည်သည့် အခကြေးငွေမျှ တောင်းယူကောက်ခံမည်မဟုတ်ပဲ အများပြည်သူတို့၏ လုံခြုံရေးကိုသာ ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် လုံခြုံရေးအရ စစ်ဆေး၊မေးမြန်းပါက ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ပေးကြပါရန်၊ တားမြစ်ပစ္စည်းများ သယ်ယူရောင်းဝယ်ခြင်းများမပြုလုပ်ကြရန်၊ ဂိတ်တွင် တပ်ဖွဲ့ဝင်များအား ငွေကြေးပေးဆောင်ခြင်းမပြုလုပ်ကြရန်( အခွန်/အလှူငွေ ကိစ္စများကို YDF-Htilin ရုံးသို့သာ ချိတ်ဆက်ဆောင်ရွက်ပေးကြရန်)၊ တပ်ဖွဲ့ဝင်များမှ စစ်ဆေးမေးမြန်းရာတွင် ရိုင်းစိုင်းမှု၊ခြိမ်းခြောက်မှု၊ ငွေကြေးတောင်ခံမှုများရှိခဲ့ပါက သက်ဆိုင်ရာအကြီးအကဲများ/ YDF-Htilin ရုံးသို့ အသိပေးတိုင်ကြားပေးကြပါရန် မိဘပြည်သူများကို တောင်းဆို အသိပေးအပ်ကြောင်း YDF(ထီးလင်း)က တရားဝင် သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article