38 C
Yangon

မိုးဗြဲ ၄ ရက်မြောက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးကျော်သေဆုံး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂ ဦး ကျဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်-ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့တွင် ဖြစ်ပွားသော စက်တင် ဘာလ ၁၁ ရက်နေ့ ၄ ရက်မြောက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးကျော်သေဆုံးကြောင်း KNDF က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ (၁၁) ရက်နေ့ နံနက် (၇)နာရီမှစ၍ မိုးဗြဲမြို့ ၊ ပွဲကုန်း (၃)ရပ် ကွက် ဘုရားကျောင်းဝန်းအနီး (၄)ရက်တိုင်တိုင် တပ်စွဲရန်ကြိုးစားနေသော အကြမ်းဖက်စစ်ကောင်စီတပ်များအား KNDF B/03 ၊ B/11 ၊ KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ KRU တို့ပူးပေါင်း၍ တစ်နေကုန်နီးပါး ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ တစ်နေကုန်နီးပါး ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ (၂၀)ဦးကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖက်မှ ရဲဘော် (၂)ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း သေဆုံးစစ်ကောင်စီတပ်သားများ၏ လက်နက်များကိုကောက်ယူရန် ခက်ခဲခဲ့သောကြောင့် ၎င်းသေဆုံးတပ်အချို့ ကိုင်ဆောင်ခဲ့သော လက်နက်များထဲမှ MA-1 သေနတ် ၁ လက် ၊ MA-3 သေနတ် ၂ လက် ၊ RPG သီးများ ၊ ၆၀ မမ အသီးများ ၊ ဆက်သွယ်ရေး အထိုင်စက် ၁ လုံး ၊ ကျည်ဆံများနှင့် အသုံးအဆောင်များကိုသာ သိမ်းဆည်းရခဲ့ကြောင်း သိရှိရသည်။

ယနေ့ ညနေပိုင်းတွင်လည်း တိုက်လေယာဥ် ဖြင့် (၂) ကြိမ်တိတိ လာရောက်ပစ်ခက်ခဲ့ပြီး ပြည်သူလုထု နေအိမ်အများအပြားလည်း ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ (၈)ရက်နေ့စ၍ ယနေ့ထိ (၄) ရက်တိုင်တိုင် အကြမ်းဖက်စစ်ကောင်စီနှင့် မိမိတို့ ပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေဆဲဖြစ်၍ မြို့အနီး ဖြတ်သန်းသွားလာခြင်းကို မပြုလုပ်ကြသေးရန် ပြည်သူများကို KNDF က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article