30 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -မင်းအောင်လှိုင်ခေါင်းဆောင်တဲ့စစ်ကောင်စီ မတရားအာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွ နှုန်းဟာ ၁၂၇ ရာခိုင်နှုန်းရှိပြီး ကမ္ဘာ့ငွေကြေးအဖောင်းပွဆုံးနိုင်ငံတွေစာရင်းမှာ အဆင့် ၅ မှာရပ်တည်နေ တယ်လို့ အမေရိကန် ဂျွန်ကော့ကင်းတက္ကသိုလ်၊ စီးပွားရေးပညာရှင် စတိဗ်ဟန့်ခ်က ထုတ်ပြန် လိုက်ပါ တယ်။ -ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့ကြတဲ့ လူငယ် ၁၅ ဦးကျော်ကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ပြီး အဖမ်းခံရသူတွေနဲ့ အဆက် အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ရေဘဝဲအဖွဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောပါတယ်။ – မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း ပင်တောင်ပျူစောထီးကျေးရွာမှာ ဈေးဝယ်ထွက်လာတဲ့ ပျူစောထီး ၅ ဦး ရိက္ခာတွေနဲ့အတူ ရွာကိုပြန်စဉ် PDF တွေက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ SPGF တပ်ခွဲ-၁ တာဝန်ခံ ကိုပေသီးက ပြောပါတယ်။ ဒီနှစ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်ထက် စစ်ရေးအရှိန်ကို ပိုမြှင့်မှာဖြစ်တဲ့အတွက် သမ္မတက ကြေညာလာရင် အားလုံး အသင့်အနေအထားဖြစ်အောင်ပြင်ဆင်ထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် ပြောဆိုလိုက်တဲ့သတင်းအပါအဝင် နောက် ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article