31 C
Yangon

ရန်ကုန်မြို့တွင် လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာချိတ်ဆွဲ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရန်ကုန်မြိုတွင် လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာဖြစ်သည့် “အနာဂတ်တွေလှပဖို့ သမိုင်းသစ်ကိုသွေးဖြင့် ရေးနေသည်” ပိုစတာကို Falcon Revolutionaries Team က ယနေ့ နံနက်ပိုင်း ချိတ်ဆွဲသည်။

ယမန်နေ့ ညနေပိုင်း ကြည်မြင့်တိုင် ၊ ပန်းပင်ကြီးလမ်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလူငယ် ၁၅ ဦးထက် မနည်းကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့သော်လည်း အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဆက်လက် ဆောင်ရွက်မည်ဟု တက်ကြွလှုပ်ရှားသူ လူငယ်များက ဆိုကြသည်။

“ကျွန်တော်တို့ ပြည်သူတွေရဲအနာဂတ်တွေဟာ ဒီချိန်မှာ အကုန်လုံနီးပါ ပျောက်ဆုံးနေပါတယ်။ စစ်ခွေးများ အာဏာရူးခဲ့လို ပျောက်ဆုံးနေတဲ့ အနာဂတ်တွေကို လှပအောင်တော်လှန်ရေး ရဲဘော်များက သွေးနဲ့ ရေးနေပါတယ်။ ဒါကြောင့် ပြည်သူများအနေနဲ့လည်း အတူပူပေါင်းပေးဖို့ တိုက်တွန်းလိုပါတယ်” ဟု alcon Revolutionaries Team မှ တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article