28 C
Yangon

စစ်ကိုင်းတွင် စစ်ကြောင်းနှင့် စစ်သားများ လိုက်ပါသော အိမ်စီးကား ၁ စီး တိုက်ခိုက်ခံရပြီး ၉ ဦးထက်မနည်း သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်း ရေဦးနှင့် ခင်ဦးမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းများ တိုက်ခိုက်ခံရပြီး စစ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်ထံမှ သိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၅၄ မိနစ်ခန့်တွင် ရေဦးမြို့ပေါ်မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)၏ တပ်ခွဲ ခင်ဦးအခြေစိုက် Spring Special Task Force (SSTF) အဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦး နေရာတွင်ပင် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်စဥ် စစ်သား ၁ ဦးထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်တွင် ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာ စာသင်ကျောင်းအတွင်း ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်တပ်မှ စစ်သားများကို SSTF (M.R.D.A / ခင်ဦး) အဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ လိုက်ပါလာသော အိမ်စီးကား ၁ စီးကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၂ ဦးသေဆုံးကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာသော Mark Two အိမ်စီးကား ၁ စီးကို ရွှေဘိုမြို့တောင်ဘက် မုဒ်ဦးဝတွင် သိဒိ္ဓရှင် တိုက်နယ် ပြည်သူ့ကာကွယ်ရေး အင်အားစု တောကျီးကန်းတပ်ခွဲမှ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article