28 C
Yangon

မွန်ပြည်နယ် သထုံဘက်သို့ အမြောက်တင်ကား ၆ စီးနှင့် ရိက္ခာတင် စစ်ကား တစ်စီး ထွက်ခွာသွား

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

မွန်ပြည်နယ်၊ သထုံဘက်သို့ အမြောက်တင်ကား ၆ စီးနှင့် ရိက္ခာတင်ကား ၁ စီး ထွက်ခွာသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီကျော်အချိန် စစ်ကားများ မြင်တွေ့ရခြင်းဖြစ်ကြောင်း ခရီးသွားပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ကျနော်က ဆိုင်ကယ်ပေါ်က ဆိုတော့ သေချာ ဓာတ်ပုံမရိုက်လိုက်ရဘူး။ ကျနော်တို့က ဆိုင်ကယ်နဲ့ ဘေးနားက ဖြတ်သွားတော့ ကားတန်းကို သေချာ ဓာတ်ပုံရိုက်ခွင့်မရလိုက်ဘူး။ အမြောက်တင်ကားက ၆ စီး၊ ရိက္ခာတင်ကားက ၁ စီး၊ စစ်ခွေးက ၁၀ ကောင်လောက်ပါတယ်။ လက်နက်တွေတော့ ကိုင်ထားတယ်။ သူတို့ကားတွေက သထုံဘက်ကိုဦးတည်ထားတာ။ ကျနော်တို့က ဒီဘက်ကနေ ဆိုင်ကယ်နဲ့ ဖြတ်နေတာ။ ဓာတ်ပုံက ခိုးရိုက်ရတော့ သေချာမရိုက်လိုက်ရလို့ပါ” ဟု ခရီးသွားပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်သည် KNU တပ်မဟာ ၁ နယ်မြေဖြစ်ပြီး လက်ရှိတွင် စစ်တပ်နှင့် KNLA ၊ PDF ပူးပေါင်း တပ်များအကြား တိုက်ပွဲများ တောက်လျှောက်ဆိုသလိုဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- သထုံဘက်သို့ ဦးတည်သွားနေသည့် စခ အမြောက်တင်ကား ၁ စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article