34 C
Yangon

ဆားလင်းကြီးတွင် စစ်တပ်က ကျေးရွာ ၁၁ ရွာကို ဝင်ရောက် စီးနင်း ပစ်ခတ်နေသောကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာ ရဲစခန်းမှ စျေးထွက်ဝယ်သည့် ရဲ ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၁၁ ရွာကို ဝင်ရောက် စီးနင်း ပစ်ခတ်နေသောကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရသည်။

ညောပင်ကြီးရွာ ရဲစခန်းမှ စျေးထွက်ဝယ်သည့် ရဲ ၄ ဦးကို ယနေ့ အောက်တိုဘာလ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ ခန့်တွင် အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ရဲ ၄ ဦးလုံးသေဆုံးကာ လက်နက်များ ယူဆောင်သွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မုံရွာမှ အကြမ်းဖက် စစ်တပ် အင်အား အများအပြား ဇာတ်ဖြင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသို့ ကူးလာကာ ညောင်ပင်ကြီး၊အမှတ်၃၊ အမှတ်၄၊ ထန်းတော၊ ရွာရှည်၊ သိမ်တော်၊ ရွှေအင်းလေး၊ နှင်းတော၊ ထန်းတောကြီး၊ ရုံးပင်ရိုး၊ အောင်ချမ်းစည် စသည့်ကျေးရွာများကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းနေသောကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

Photos – AungKhantZaw

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article