30 C
Yangon

ဘူးသီးတောင် တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၂၇ ဦး နှင့် မင်းပြားတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၈ ဦး စုစုပေါင်း စစ်သား ၃၅ ဦးသေဆုံး၊ AA ဘက်မှ ကျဆုံးမှုတချို့ရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်တိုက်ပွဲများနှင့် မင်းပြားတိုက်ပွဲများတွင် စစ်တပ်ဘက်မှ စုစုပေါင်း စစ်သား ၄၀ ဦးသေဆုံးကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။

ရက္ခိုင်၊ ပလက်ဝ စစ်မျက်နှာတွင် အထိနာနေသော စစ်ကောင်စီတပ် နှင့် ရက္ခိုင့်တပ်တော်တို့သည် အဆိုပါဒေသများ၌ တိုက်ပွဲများမှာ နေ့စဉ်ရက်ဆက် ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း၊ အောက်တိုဘာ ၁ ရက်၊ နံနက် ၉ နာရီခန့်အချိန်တွင် ဖရုံချောင်းရွာအနောက်ဘက်တွင် မိနစ် ၂၀ ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၅ နာရီ ၀၇ မိနစ်တွင် ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာ၏ အရှေ့တောင်ဖက်တွင် တိုက်ပွဲဖြစ်ပွား ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ဘူးသီးတောင်မြို့နယ်၊ ကျောက်စာတိုင် (မြိုခမီ) ရွာ၏ တောင်ဘက်တွင် ၅ နာရီကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၇ ဦး သေ ဆုံးကာ ၁၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ မိမိတို့ဘက်မှ ရန်သူ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်း ရမိခဲ့သော တိုက်ပွဲတစ်ပွဲလည်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၅ ရက်၊ နံနက် ၉ နာရီ ၅၂ မိနစ်တွင် ဘူးသီးတောင်မြို့နယ်၊ ဂူဒါပြင်(မူဆလင်) ရွာ နှင့် တောင်ရွာ (မွတ်စလင်) အကြားတွင် မိနစ် ၃၀ အကြာတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၆ ရက်နေ့၌လည်း အဆိုပါနေရာပတ်ဝန်းကျင်တွင်ပင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ရှိခဲ့ကြောင်း၊ နှစ်ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ မျက်မြင် ၁၀ ဦး သေဆုံးပြီး နောက်ထပ် (၁၀) ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၂ မိနစ်တွင် မင်းပြားမြို့၊ ကြပ်စင်တံတား၌ စခန်းချပြီး ပြည်သူလူထုကို ဒုက္ခပေးနေသော စစ်ကောင်စီတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၈ ဦး သေဆုံးပြီး၊ နောက်ထပ် ဒဏ်ရာရသူတချို့လည်း ရှိခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် ၂၅ ကြိမ်ခန့် ရမ်းသန်းလှမ်းပစ်နေခဲ့ရာ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူ (၆) ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ယင်းအပြင် စစ်တပ်က အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁ နာရီ အချိန်ကလည်း မောင်တောမြို့နယ် မြောက်ပိုင်း ဝေလာတောင်တန်းတဝိုက်နေရာများ၌ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်ဆောင်ကြောင်း သိရှိရသည်။

အောက်တိုဘာလ၊ ပထမပတ်အတွင်း တိုက်ပွဲကြီး ၁၀ ခု ကျော် နှင့် တိုက်ပွဲငယ် ၁၀ ခု ကျော်ရှိခဲ့ပြီး ၎င်းတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၃၅ ဦး သေဆုံးခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ AA ဘက်မှလည်း ထိခိုက်ဒဏ်ရာရသူ အချို့နှင့် ကျဆုံးသူအချို့ရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article