37 C
Yangon

တန့်ဆည်တွင် စစ်ကောင်စီတပ်ကို ၂ ရက်ဆက်တိုက် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ်၊ တက်သစ်(မ)ရွာသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်သားများကို အောက် တိုဘာလ ၇ ရက် နေ့လယ်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် SSTF (MRDA ခင်ဦးတပ်ခွဲ)က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ဦး သေဆုံးကြောင်း PDF တပ်ဖွဲ့များထံမှ သိရသည်။

တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်ကောင်စီတပ်သား ၆ဦး၏ အလောင်းများကို တန့်ဆည်မြို့ဘက်သို့ ပြန် လည်သယ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် တန့်ဆည်မြို့နယ်၊ တပ်သစ်(မ)ရွာမှ ထွက်လာသော စစ်ကောင်စီတပ်သားများကို ကလဇင်ရွာနှင့်ဒယ်ရောက်ရွာကြားတွင် မြောက်ပိုင်းမဟာမိတ်(ဓူဝံ)၊ MDF- Hydra Force နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၄၅မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများ စက်လက်နက်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုအတိအကျကို မသိရသေးကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။

ထို့ပြင် တန့်ဆည်မြို့နယ်၊ မူးတိမ်ရွာထိပ်တွင် ကင်းစောင့်နေသော ပျူစောထီးများကို ရွှေဘိုခရိုင် တပ်ရင်း(၁၆) TRFက အောက်တိုဘာ၈ရက် နံနက် ၃နာရီ ၄၅မိနစ်တွင် ဒရုန်းဖြင့် ဗုံးသီးကျဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေကို မသိနိုင်သေးကြောင်း TRFထံမှသိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article