32 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၈ ရက် ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားသူ အမျိုးသမီး၊ မိန်းကလေးငယ်တွေ/အပေါ် မုဒိမ်းမှု နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက် တစ်ခု လို အသုံးချပြီး ကျူးလွန်နေတဲ့အပြင် ၊ အဲ့ဒီ့လို ကျူးလွန်မှုကိုလည်း စစ်တပ်က ဂုဏ်ယူဖွယ်ရာ အဖြစ် ထုတ်ဖော်နေ‌တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလ – သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ-ညီလာခံ အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ သိရပါတယ်။ – စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ် ၊ ညောင်ကားယား- ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒီကနေ့ အောက်တိုဘာလ ၈ ရက်နေ့ မနက်ပိုင်းက ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ ပြည်သူတွေဆီကနေ သိရပါတယ်။ -စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် ၊ ငါးပန်ချောင်း- ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒီကနေ့ အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းက တိုက်လေယာဥ် ၂ စီး၊ ရဟတ်ယာဥ် ၄ စီးတဲ့ လာရောက် ပစ်ခတ် နေယ်လို့ ပစ်ခတ်တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article