37 C
Yangon

ပြည်မြို့တွင် ဒုရဲအုပ် ၁ ဦးနှင့်စစ်တပ်သတင်းပေး ၁ ဦး တိုက်ခိုက်ခံရပြီး သေဆုံး၊ လွိုင်ကော်တွင်လည်း မြို့ပေါ် ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၃ ဦးသေ၊ မုံရွာမြို့ မအူစစ်ဆေးရေးဂိတ်ကို PDF များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

မကွေးတိုင်း အောင်လံမြို့နှင့် ပြည်မြို့ အကြား ကားလမ်းပိုင်း တောတွင်း တစ်နေရာတွင် စစ်တပ် သတင်းပေး တစ်ဦးနှင့် ဒုရဲအုပ် ၁ ဦး တိုက်ခိုက်ခံရပြီး သေ ဆုံးခဲ့ကြောင်း MDA တပ်ဖွဲ့ထံမှ သိရသည်။

တိုက်ခိုက်ခံရပြီး သေဆုံးသူ ၂ ဦးသည် စစ်တပ် သတင်းပေး ကျော်မျိုးနှင့် ဒုရဲအုပ် တစ်ဦးဖြစ်ပြီး Magway Division People’s Defense Force MDPDF နှင့် MDA နဂါးတပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခြင်းသည် စက်တင်ဘာလ ၂၀ ရက်နေ့က ကျဆုံးခဲ့သည် MPDF တာဝန်ခံ ဗိုလ်အမည်မဲ့အတွက် လက်စားချေ တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ စစ်တပ် သတင်းပေး ကျော်မျိုးနှင့် ဒုရဲအုပ် တစ်ဦးသည် ဗိုလ်အမည်မဲ့ကို သစ္စာဖောက်ပြီး စစ်တပ်ထံ သတင်းပေးခဲ့သောကြောင့် ရှင်လင်းခဲ့ခြင်းဖြစ်ကြောင်း MPDFက ထုတ်ပြန်ပြောဆိုသည်။

အလားတူ ကယားပြည်နယ် လွိုင်ကော်မြို့ နမ့်ကွတ်ရပ်ကွက်တွင် စစ်တပ်နှင့် ကရင်နီ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ် ကန္တာရ၀တီတိုင်းမ်က သတင်းဖော်ပြသည်။

လွိုင်ကော်မြို့နယ်၊ နမ့်ကွတ်ရပ်ကွက်တွင် အောက်တိုဘာလ ၇ရက်နေ့ နံနက် ၈ နာရီ မိနစ် ၂၀ ခန့်အချိန် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ကို ကရင်နီ တပ်မတော် (KA) ၊ KNDF B-02၊ KNDF B-14နှင့် 1008(SSRY) တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၂ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိကာ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် တိုက်ပွဲ ဖြစ်ပွားရာ အနီးဝန်းကျင်ရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) ထံမှ သိရှိရသည်။

အောက်တိုဘာလ ၈ ရက် နံနက် ၁ နာရီဝန်းကျင်က မုံရွာမြို့ မအူကျေးရွာအနီးရှိ မအူစစ်ဆေးရေးဂိတ်ကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခတ်ချိန်အတွင်း စစ်ကောင်စီဘက်က ၄၀မမ၊ ၆၀ မမ စက်သေနတ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများနိုင်ပြီး အရေအတွက်မသိရသေးကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)က ဆိုသည်။

၊ ထိုစစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၄၊ တပ်ခွဲ – ၄ 5 / Teachers People Defense Force PDF၊ 5 / UG (မြေအောက်တော်လှန်ရေးအဖွဲ့)၊Springs Dove အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဆိုသည်။

ဓာတ်ပုံ- နေပြည်တော်မှ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခု။ (ပုံအဟောင်းဖြစ်သည်)

Photo- AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article