30 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၀ ရက် ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ ရဲ့ နယ်ခြားစောင့် စခန်းတစ်ခု ဖြစ်တဲ့ လိပ်ရစခန်းကို ရက္ခိုင့်တပ်တော်က ဒီကနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AAက အတည်ပြုပြောဆိုလိုက်ပါတယ်။ – ပဲခူးတိုင်း ၊ အမြန်လမ်း မိုင်တိုင် ၈၃ မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ဂိတ်စခန်း နဲ့ ပျူစောထီး တွေ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်း သေဆုံးသွားတယ်လို့ သိရပါတယ်။ – စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် ၊ ငါးပန်ချောင်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က အောက်တိုဘာလ ၈ ရက်နေ့မှာ ဂျက်ဖိုက်တာ ၂ စီး၊ ရဟတ်ယာဥ် ၄ စီးနဲ့ လာရောက် ပစ်ခတ်တိုက် ခဲ့တယ်လို့ သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်ပြည်သူတွေဟာ မြွေပွေးအကိုက်ခံရမှု များပြားနေတဲ့အတွက် မြွေဆိပ်ဖြေဆေး အရေးပေါ်လိုအပ်ချက် ရှိနေတဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article