30 C
Yangon

မြ၀တီမြို့ နေရာ ၂ ခုတွင် ယမန်နေ့ညပိုင်း ပြင်းထန်သော ဗုံး ၂ လုံး တစ်ပြိုင် နက်တည်း ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး အနည်းငယ်ဒဏ်ရာရ၊ ဗုံးပေါက်ပြီးနောက် စစ်တပ်က ရမ်းသမ်းပစ်ခတ်ခဲ့

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ၊ အမှတ် ၁ ချစ်ကြည်ရေးတံတားဘေးနှင့် မြ၀တီစျေးကြီးတွင် ယမန်နေ့ညပိုင်း ဗုံး ၂ လုံး တစ်ပြိုင်နက်တည်းပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ ည ၇ နာရီအချိန် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားဘေးနှင့် မြ၀တီစျေးတို့တွင် စက္ကန့်ပိုင်းသာခြားကာ ဗုံး ၂ လုံး ရှေ့ဆင့်၊ နောက်ဆင့် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ တံတားအနီးဗုံးပေါက်ကွဲမှုတွင် အမျိုးသား ၁ ဦးအနည်းငယ်သာ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“မြ၀တီစျေးနားမှာ ဗုံးပေါက်ပြီးတော့ တပ်ဘက်က ပစ်တာ။ ဘာကိုပစ်မှန်းမသိဘူး။ ရမ်းပစ်တာ။ တံတားနားမှာ ဗုံးပေါက်တာကတော့ လူ ၁ ဦး လက်မှာ ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး။ ဗုံးပေါက်ကွဲမှု ၂ ခုလုံးမှာ လူအသေအပျောက် မရှိပါဘူး” ဟု မြ၀တီမြို့ခံတစ်ဦးက ဆိုသည်။

မြ၀တီရှိ အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားထိပ်တွင် ဗုံးပေါက်ကွဲမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ယခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင်လည်း တံတားထိပ်တွင်ပင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုများကို မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဆိုသည်ကို တရားဝင်ကြေညာခြင်းမရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း မြင်ရသည့် မြ၀တီမြို့ ချစ်ကြည်ရေးတံတားဘေး ဗုံးပေါက်ကွဲမှု မြင်ကွင်းများ။

Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article