29 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၇ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -ချင်းတွင်းမြစ် အနောက်ဘက်ကမ်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းက ကျေးရွာတွေက ပြည်သူတွေကို ကျန်းမာရေးစစ်ဆေးပေးခဲ့တယ်လို့ သိရပါတယ်။ – အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်ထိပ်တန်းသတင်းတွေ ပေါက်ကြားနေမှုတွေအပေါ် အရေးယူဆောင်ရွက်ကြဖို့ ညွှန်ကြားလိုက်ပြီး ရှမ်းပြည်ကို မိသားစုနဲ့တကွ အထူးသီးသန့်ရထားတွဲနဲ့ သွားမယ့် ကိစ္စ ပေါက်ကြားမှုကြောင့် ခရီးစဉ် ရွှေ့ဆိုင်းလိုက်တယ်လို့ တပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ မြို့နယ်တရားရုံကို အောက်တိုဘာလ ၁၅ ရက်နေ့က တရားဝင်ဖွင့်လှစ်လိုက်တယ်လို့ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ – ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်း ထောင်လူမိုက်နဲ့ တန်းစီးတွေက မိလ္လာထမ်းခိုင်းခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေက ငြင်းဆန်တဲ့အတွက် တန်းစီးနဲ့ လူမိုက်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ကြတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article