33 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -တောင်ကိုရီးယားသမ္မတနိုင်ငံမှာ ကျင်းပမယ့် နိုင်ငံတကာနဲ့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီရေးရာဆွေးနွေးပွဲကို တက်ရောက်ဖို့ အထူးဖိတ်ကြားခံရတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖက်ဒရယ် ပြည်ထောင်စုရေးရာ ဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းဟာ ဂွမ်ဂျူးမြို့တော်ဝန်နဲ့ မနေ့က တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ – မကွေးတိုင်း နတ်မောက်မြို့နယ် ဖက်တောရေရွာကို မနေ့ကညပိုင်းမှာ အကြမ်းဖက်စစ်တပ်က မီးထပ်ရှို့နေ တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ – ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ မနေ့က ညနေပိုင်းက တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးတစ်ဦး အနီးကပ် ပစ်ခတ် သတ် ဖြတ်ခံလိုက်ရတာကြောင့် မူဆယ်တစ်မြို့လုံးကို စစ်တပ်က ပိတ်ဆို့စစ်ဆေးနေတယ်လို့ မူဆယ်မြို့ခံတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ – ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စက်မှု ၂၉ ခုက စက်ရုံတွေရဲ့လုပ်ငန်းရှင်တွေ အသုံးပြုနေတဲ့ ဘဏ် တွေရဲ့ အမည်စာရင်းကို ရန်ကုန်တိုင်းစစ်ကောင်စီကို ပေးပို့ကြဖို့အတွက် ညွှန်ကြားလာတဲ့သတင်း အပါ အဝင် နောက်တုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article