37 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ၂၀ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက်ညွှန်ကြားမှု နဲ့ မြန်မာနိုင်ငံက အကျဉ်း ထောင်အားလုံးမှာ ထောင်ဝင်စာ ပါဆယ်ပို့ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ ထောင် အာဏာပိုင် အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာရှိတဲ့ သစ်ဆိမ့်ကြီး-ကျေးရွာအုပ်စုကို အကြမ်းဖက် စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင် နေအိမ် အလုံး ၄၀ နီးပါး ပြာကျသွားခဲ့တယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ – မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ကျေးရွာတွေကို မီးရှို့ပြီး ၊ တောင်မြင့်ရွာက CDM ကျောင်းဆရာကို ခေါင်းဖြတ်သတ်ခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ ပျူစောထီးတွေကို Anonymous Special Task Force – Pauk အဖွဲ့ နဲ့ ပကဖတွေ ပူးပေါင်းပြီးတော့ အောက်တိုဘာလ ၁၉ ရက်နေ့က ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article