ရန်ကုန်၊ အောက်တိုဘာ ၂၄
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကချင်တိုင်းရင်းသားများနှင့် ထပ်တူဝမ်းနည်းရကြောင်း စစ်အုပ်စု အမြစ်ပြတ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “ကချင်တိုင်းရင်းသားညီကိုမောင်နှမများနဲ့ထပ်တူဝမ်းနည်းရပါတယ်။ ဒီစစ်အုပ်စုကို အမြစ်ပြတ် တော်လှန်ရုံမှတပါးအခြားမရှိ” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။