29 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ၂၅ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -အကြမ်းဖက်စစ်တပ်က ဖားကန့်မှာ ပြုလုပ်တဲ့ KIO အခမ်းအနား တေးဂီတဖျော်ဖြေပွဲကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ရာ လက်ရှိအချိန်အထိ အလောင်း ၈၀ ကျော်ကောက်ယူရရှိထားတယ်လို့ သိရပါတယ်။ – တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ပြတ်ပြတ်သားသား လုပ်ဆောင်ကြရမယ့်အချိန်ရောက်ပြီလို့ AA ၊ MNDAA ၊ TNLA မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ကထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ – ကချင်လူထုစုဝေးမှုကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် လူအများအပြား အသက်ဆုံးရှုံး ကြရတဲ့အပေါ် စစ်အာဏာရှင်အဖွဲ့အစည်းက တာဝန်ရှိတယ်လို့ အမေရိကန်နဲ့ EUအဖွဲ့ဝင် နိုင်ငံတွေရဲ့ မြန်မာနိုင်ငံ ဆိုင်ရာသံရုံးတွေက ဒီကနေ့မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ – ကရင်နီပြည်နယ်၊ လွိုင်ကော်မှာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် နေအိမ်အတွင်း ကျရောက်ပေါက်ကွဲတာကြောင့် လင်မယား ၂ ဦး သေဆုံးပြီး အသက် ၈ နှစ်အရွယ်သားနဲ့ အသက် ၆လ အရွယ် သား ၂ ဦးလည်း ဒဏ်ရာရရှိထားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article