37 C
Yangon

ရန်ကုန်၊မြေနီကုန်းတံတားအဆင်း ပန်းခြံထဲတွင် ဗုံး နှစ်ကြိမ်ပေါက်ကွဲ၊ စစ်တပ်က ပိတ်ဆို့ ရှာဖွေစစ်ဆေးနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားအဆင်းရှိ ပန်းခြံထဲတွင် ယနေ့ ညနေပိုင်း ဗုံးနှစ်ကြိမ်ပေါက်ကွဲကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ် ဝန်းကျင်အချိန်တွင် ဗုံး နှစ်ကြိမ် ဆက်တိုက်ပေါက်ကွဲခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုအား အလွန်ပြင်းထန်ကြောင်း၊ ထိခိုက်မှု ရှိ၊ မရှိ မသိရသော်လည်း စစ်တပ်က အလုံးအရင်းဖြင့် ဗုံးရှာဖွေခြင်း၊ ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ဒီနေ့ညနေ မြေနီကုန်း ကုန်းတံတားဘေးက ပန်းခြံမှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။ တော်တော်ပြင်းအားများပါတယ်။ အခုလမ်းပိတ်ထားပြိးတော့ စစ် ဆေးမှုတွေပြုလုပ်နေပါတယ်” ဟု‌ ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိအချိန်တွင် မြေနီကုန်းတံတား ပတ်ဝန်းကျင်သို့ လူငယ်များ ရှောင်ရှားသွား လာကြရန် ဒေသခံ ပြည်သူတချို့က သတိပေးပြောဆိုကြသည်။

ဓာတ်ပုံ-၂၀၂၁ခုနှစ် မြေနီကုန်းတံတားအောက်တွင် လုံခြုံရေးယူနေကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article