29.6 C
Yangon

အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ ဦးဆောင်၍ ယခုည ၈ နာရီခွဲ စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ်သပိတ်ပြုလုပ်မည်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၈

အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဖိနှိပ်မှု ခံနေရသော ပြည်သူများ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် မီးပိတ်သပိတ် ဆင်နွှဲနေချိန် အင်းစိန်အကျဉ်းထောင် အပါအဝင် အကျဉ်းထောင်များတွင်လည်း နိုင်ငံရေးအကျဉ်း သားများက ဦးဆောင်၍ အသံတိတ်သပိတ် ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများက ပြင်ပသို့ စာဖြင့် သတင်းထုတ်ပြန်လိုက်သည်။

ယနေ့ ည အောက်တိုဘာလ ၂၈ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်မှ ည ၈ နာရီ ၄၀ မိနစ်အချိန်အထိ မီးပိတ်သပိတ် ပြုလုပ်နေချိန်တွင် အကျဉ်းထောင်များတွင်လည်း ယနေ့ ည ၈ နာရီ ၃၀ မိနစ်မှ ည ၈ နာရီ ၃၅ မိနစ်အထိ အသံတိတ်သပိတ်ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံရေး အကျဉ်းသားများအနေဖြင့် မီးသပိတ်တွင် ပါဝင်ခွင့်မရသော်လည်း ထောင်အာဏာပိုင်များ၏ ခြိမ်းခြောက်မှုအကြားမှ အသံတိတ်သပိတ် ၅ မိနစ် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဖိနှိပ် အရေးယူမှုများ ရှိာမည်ဖြစ်သော်လည်း ပြည် သူတစ်ရပ်လုံးနှင့်အတူ ကျဆုံးခဲ့ရသော သူရဲကောင်းများအတွက် ဝမ်း နည်း အောင်းမေ့ခြင်းကို တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများ ယနေ့ ည ၈ နာရီ ၃၀ မိနစ်တွင်ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

ကချင် ဖားကန့်ဒေသမှ ပြည်သူများ လေယာဉ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကျဆုံး ဒဏ်ရာရရှိမှုများအတွက် ပြည်သူများနှင့်အတူ ဝမ်းနည်းကြောင်း နိုင်ငံရေးအကျဉ်း သားများက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အင်းစိန်အကျဉ်းထောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article