30 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၃၁ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လုံဂျာဘွမ်တောင်မှာ စစ်တပ်နဲ့ KIA ၊ PDF ပူးပေါင်းတပ်တွေ အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အနည်းဆုံး ၈၁ ဦးသေဆုံးခဲ့ပြီး စစ်ကြောင်း လိုက်ပြုတ်သွားတယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ – တနင်္သာရီတိုင်း၊ ထားဝယ်ဘက်ကနေ မြိတ်ဘက်ကို ထွက်ခွာလာတဲ့ ကား ၁၃ စီးပါ စစ်ယာဥ်တန်းကို နှစ်ကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေသွားတယ်လို့ တောကြီးမြွေဟောက်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ – မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ရဲစခန်းကို အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော်မှာ PDF မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက် ခိုက်ရာ စခန်းမှူး၊ ဒုရဲအုပ်အပါအဝင် ရဲ ၁၁ ဦး သေပြီး လက်နက် ၇ လက် ရရှိခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article