36 C
Yangon

Inya Urban Force အဖွဲ့ဝင်တချို့ အဖမ်းခံရသော်လည်း ဆက်လက်တိုက်ပွဲဝင်မည်ဖြစ်ပြီး စစ်ခေါင်း ဆောင် နှင့်စစ်ဒေါက်တိုင်များကို ဆက်လက် ရှင်းလင်းမည်ဟုကြေညာ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်အခြေစိုက် မြို့ပြပျောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော Inya Urban Force အဖွဲ့ဝင်တချို့ကို ဖမ်းဆီးသွားသော်လည်း စစ်ခေါင်းဆောင်နှင့် စစ်တပ်ဒေါက်တိုင်များကို ဆက်လက် ရှင်းလင်းသွားမည်ဖြစ် ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့ညပိုင်းတွင် Inya Urban Force IUF မှ အဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် Inya Urban Force က ထိုသို့ သတင်းထုတ‌ြ်ပန်လာခြင်းဖြစ်သည်။

မကြာမီရက်ပိုင်း ရန်ကုန်ရှိ IUF ရဲဘော်တချို့ ဖမ်းဆီး ထိန်းသိမ်းခံရပြီး အဆက် အသွယ် ပြတ်တောက် လျက်ရှိကြောင်း၊ ဖမ်းဆီးခံရဲဘော်များ၏ အသက်အန္တရာယ် စိုးရိမ်ရပြီး ၎င်းတို့ထံမှ သတင်းအချက်အလက် တချို့ပေါက်ကြားသွားပြီဟု မှတ်ယူရကြောင်း၊ လက်ရှိတွင် ကွင်းဆက်များကို အချိန်မီပြောင်းရွှေ့နိုင်ခဲ့သဖြင့် လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေကြပြီဖြစ်ကြောင်း၊ IUF ၏ ကျန်ရှိ ရဲဘော်များက ရန်ကုန်တွင် ဆက်လက် တိုက်ပွဲဝင်မည်ဖြစ်ပြီး ပျောက်ကျားစစ်ဆင်ရေးများ ဆက်လက် ဆင်နွှဲမည်ဖြစ်ကြောင်း၊ အဓိက အားဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးအထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

“IUF ရဲ့ လွတ်မြောက်ထားသူတွေအနေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာပါ” ဟု Inya Urban Force က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article