25 C
Yangon

မောင်တောတွင် စစ်ကောင်စီယာဉ်မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး၊ ချင်းပြည်နယ်၊ ပလက်ဝတွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်ကောင်စီ ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ပလက်ဝမြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA ဖက်က ပြောသည်။

နိုဝင်ဘာ ၂ရက်နေ့ မနက်ပိုင်း ၉ နာရီအချိန်ခန့်က မောင်တောမြို့နယ် မြောက်ပိုင်းကျွဲတက်ပြင် ကျေးရွာအနီးတွင် စစ်ကောင်စီ ယာဉ်တစ်စီးကို ရက္ခိုင့်တပ်တော် AA က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်က သေဆုံး ထိခိုက်မှုများရှိကြောင်း ရက္ခိုင့်တပ်တော် AA၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောဆိုသည်။

“ဒီကနေ့ မနက်ပိုင်းလောက်မှာ ကျွဲတက်ပြင်ရွာနားမှာ စစ်ကောင်စီယာဉ်တစ်စီးကို ကျနော်တို့ မိုင်းဆွဲခဲ့တယ်။ စစ်ကောင်စီဖက်က အထိ အခိုက်အကျဆုံးရှိတယ်။ အရေအတွက်တော့ ကျနော်ဆီကို ရောက်မလာသေးဘူး။ ပြီးတော့ ဒီကနေ့ မနက်မှာပဲ ပလက်ဝ မြို့နယ် မြစ်ဝ ရွာဖက်မှာ ကျနော်တို့နဲ့ စစ်ကောင် စီ တပ်တို့ တိုက်ပွဲဖြစ်တာရှိတယ်။ အဲ့ဒီမှာ စစ်ကောင်စီဖက်က သေဆုံးမှုတွေရှိတယ်”ဟုပြောသည်။

အဆိုပါစစ်ကောင်စီယာဉ်သည် မောင်တောမြို့နယ် မြောက်ပိုင်းကျွဲတက်ပြင်ကျေးရွာဖက်သို့ ရိက္ခာလာပို့သည့်ယာဉ်တစ်စီးဖြစ်ပြီး AA က ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ယင်းယာဉ်သည် လမ်းဘေးသို့ ထိုးကျသွားကာ စစ်ကောင်စီတပ်သား ၃ဦးသေဆုံးခဲ့ကြောင်း အမည်မဖော်လိုသည့် ယင်းဒေသခံတစ်ဦးက ပြောသည်။

“မိုင်းဆွဲခံရတာဗျ။ ရိက္ခာသယ်လာတဲ့ ယာဉ်လို့ သိရတယ်။ စစ်သားတွေလည်း ပါတယ်။ ရိက္ခာတွေလည်းပါတယ်။ လမ်းကနည်းနည်းကြမ်းတယ်။ ကားအဆင်းမှာ မိုင်းဆွဲလိုက်တာ၊ လမ်းဘေးထိုးကျသွားတယ်။ သုံးယောက်သေတယ်။ အလောင်းတစ်ချို့ကို သယ်သွားတယ်။ ဒဏ်ရာရတာများတယ်။ အရေအတွက်ကတော့ မသိဘူး”ဟုပြောသည်။

နိုဝင်ဘာ ၁ ရက်နေ့ မနက်ပိုင်းက သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ကြားတွင်ရှိသည့် သက်ကေပြင်ကျေးရွာနှင့် ရွာပကာကျေးရွာကြားတွင် စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို AA က ကြားဖြတ်မိုင်းဆွဲ တိုက်မှုများရှိခဲ့ပြီး ယင်းဖြစ်စဉ်တွင် စစ်ကောင်စီဖက်က ၃ ဦးထက်မနည်း သေဆုံးဦးခဲ့ပြီး ပြင်းထန် ဒဏ်ရာရရှိသွားသူများလည်ရှိကြောင်း ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခက Western News ကို ပြောသည်။

ယင်းအပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့က ရက္ခိုင့်တပ်တော် AA ၏ ထုတ်ပြန်ချက်တွင် အောက်တိုဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာ ၃၁ ရက်နေ့အထိ ၆ ရက်အတွင်း ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင်တပ်တော် AA တို့ တိုက်ပွဲများတွင် စစ်ကောင်စီဖက်က ၂၄ ဦးသေဆုံးခဲ့ပြီး ၂၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article