28 C
Yangon

ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာရှိ ပြည်သူ့နေအိမ်များကို စစ်တပ်က ညသန်းခေါင်အချိန် မီးတင်ရှို့နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းကားကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က ယခုည အချိန် မီးတင်ရှို့နေကြောင်း ဒေသသတင်းရင်းမြစ် Wetlet Informational Network နှင့် ဒေသကာကွယ်ရေးအဖွဲ့မှ ဗိုလ်မြေဩဇာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်မှ စတင်ကာ အကြမ်းဖက် စစ် တပ် က ရှိမ်းမကားရွာကို ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ မီးများလောင်နေဆဲဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေ ရှိမ်းမကားရွာ ရွာလယ် ဓမ္မာရုံ အနောက်ဘက် တစ်နေရာကို မီးစရှို့နေ​တယ် ည ၁၁ နာရီ ၁၅ မိနစ်လောက်ကရှို့နေတာ အခုထိ လောင်နေတုန်း မီးက ရွာထဲမှာ ထိခိုက်မှု အခြေအနေတော့ မသိရသေးဘူး” ဟု ဗိုလ်မြေဩဇာက ပြောဆိုသည်။

“ဝက်လက် ရှိမ်းမကား ရဲစခန်းကို လက်နက်ကြီးနဲ့ထုလို့ စခန်းနားက အိမ်တွေကို စစ်ခွေးက မီးတင်ရှို့နေတာပါ။ သူတို့ဘက်က အထိနာလို့ စခန်း အနီးနားက အိမ်တွေ လုပ်နေတာပါ” ဟု Wetlet Informational Network တာဝန်ရှိသူက ပြောသည်။

ဓာတ်ပုံ- စစ်တပ်၏ မီးတင်ရှို့မှုကြောင့် မီးလောင်နေသော ဝက်လက်မြို့နယ် ရှိမ်းမကားကျေးရွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article