28 C
Yangon

အမေရိကန်ပြည်ထောင်စုနှင့် အီတလီတို့တွင် မသောက်မိသော မိုးခါးရေ ရုပ်ရှင် နှင့် တော်လှန်ရေး ရန်ပုံငွေရှာပွဲများ ဆက်တိုက်ပြုလုပ်၊ ဒေါ်လာသောင်းချီရရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

အမေရိကန် ပြည်ထောင်စု၊ Buffalo မြို့ Bulger Communication Center တွင် ဒါရိုက်တာကိုပေါက်ရိုက်ကူးထားသည့် “ မသောက်မိသော မိုးခါးရေ” (The Road Not Taken) ရုပ်ရှင် အားပြသခဲ့ရာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ခန့်မှန်း ၁၀,၀၀၀ကျော် ရရှိခဲ့ကြောင်း သိရသည်။

“မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို နွေဦးရုပ်ရှင်ပြသရေး Buffalo, NY အဖွဲ့မှ ဦးဆောင်၍ နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၁၁နာရီ မှ ညနေ ၆အထိ ပွဲချိန် သုံးချိန်ခွဲ၍ ပြသခဲ့ခြင်းဖြစ်သည်။

ရုပ်ရှင်ပြသမှုကို Buffalo မြို့နှင့်အနီးတဝိုက်တွင်နေထိုင်ကြသော လူဦးရေ ၉၀၀ ဝန်းကျင်ခန့်ရှိ သည့် မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများနှင့် အမေရိ ကန် မိတ်ဆွေမိသားစုများက တခဲနက် တက် ရောက် အားပေးကြည့်ရှု ကြ သည်။

ရုပ်ရှင်ပြပွဲတွင် ရန်ပုံငွေ တီရှပ်များအပြင် ရန်ပုံငွေ အစားသောက်စျေးရောင်း ပွဲကိုပါ စီစဥ်ခဲ့ကြသည်။

ရရှိထားသော ရန်ပုံငွေအလှူငွေများကို မြန်မာနိုင်ငံအနှံ့ အရေးပေါ် လိုအပ်နေ သည့်နေသည့်နေရာများသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန် ကြီးဌာန ( MOD) မှတဆင့် ညှိနှိုင်းပြီး အမြန်ဆုံး‌ ပေးအပ်လှူဒါန်းသွားမည် ဖြစ် ကြောင်း သိရသည်။

“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတို ကို ဒါရိုက်တာကိုပေါက်က တောတွင်းတစ်နေရာတွင် ဖုန်းကင်မရာကိုအသုံးပြုကာ CDM စစ်ဗိုလ်တစ်ဦး၏ဖြစ်ရပ်မှန်ကို အခြေခံ၍ ရိုက်ကူးထားခြင်းဖြစ်သည်။

အလားတူ ဒါရိုက်တာ ကိုပေါက်၏ မသောက်မိသော မိုးခါးရေ ရုပ်ရှင်ပြသပွဲ အမေရိကန်ပြည်ထောင် Wisconsin ပြည်နယ် Milwaukee မြို့တွင်လည်း မြန်မာ့နွေဦးတော်လှန်ရေးမိသားစုများက နိုဝင်ဘာလ ၂၇ ရက်နေ့ တနင်္ဂနွေနေ့ ညနေလေးနာရီမှာ ကျင်းပခဲ့ပြီး ဆက်သွယ်ရေးနှင့်နည်းပညာဝန်ကြီး ဦးထင်လင်းအောင် zoom meeting ဖြင့် အဖွင့်အမှာစကားပြောကြားသည်။

မိုးသည်ညးထန်စွာ ရွာသွန်းနေသည့်ကြားက ရုပ်ရှင်ပြသပွဲကို တော်လှန်စိတ်ဖြင့် လူအများအပြားလာရောက်အားပေးခဲ့ကြပြီး ဒေသခံ ဂီတတီးဝိုင်း နွေဦးသီချင်းဖြင့်ဧည့်ခံဖြော်ဖြေကာ အခမ်းအနားကို ဒါရိုက်တာ ကိုပေါက်မှ ကျေးဇူးတင်စကား၊တော်လှန်ရေးသီချင်း များဖြင့်နှုတ်ဆက်ခွန်း အားပေးခြင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

စုစုပေါင်းလက်မှတ်ရောင်းရငွေ ဒေါ်လာ ၅၀၀၀ ရရှိခဲ့ကြောင်းနှင့် စျေးရောင်းရ ငွေ ဒေါ် ၁၅၀၀ စုစုပေါင်း ဒေါ်လာ ၆၅၀၀ ရရှိခဲ့သည်။

ထို့ပြင် အီတလီနိုင်ငံ၊ ရောမမြို့တွင်လည်း ခရစ္စမတ်အကြို နွေဦးတော်လှန်ရေး ရံပုံငွေစျေးပွဲတော်နှင့် မသောက်မိသော မိုးခါးရေ ရုပ်ရှင်ပြပွဲကို အီတလီနိုင်ငံ ရောမမြို့တွင် နိုဝင်ဘာလ ၂၇ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာ့ရိုးရာ အစားအသောက်များ ရောင်းချခြင်း၊ ရံပုံငွေပစ္စည်းများ ရောင်းချခြင်း ခရစ္စမတ်သီချင်းများ၊ တော်လှန်ရေး ကွာရာ၊ တိုင်းရင်းသားရိုးရာအကများဖြင့် ပါဝင်ခြင်း အစရှိသည့် အစီအစဥ်အမျိုးမျိုးနှင့် ပြုလုပ်ခဲ့ရာ မြန်မာမိသားစုများ၊ မြန်မာဘာသာရေးမိသားစုဝင်များ၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ အီတလီများ၊ သတင်း ထောက်များ တက်ရောက်ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article