32 C
Yangon

ရွှေဘိုရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က တစ်ရက်တည်း မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က တစ်ရက်တည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ညောင်ပင်သာရွာရှိ ဘိုကုန်းရပ်ကွက်နှင့် ကျီးကန်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် ကန်သာကုန်းရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာ ၃ ရွာကို လှည့်လည် မီးရှို့ခဲ့ပြီး ဒေသခံ ပြည်သူများသည် စစ်တပ် စစ်ကြောင်းများ ကျေးရွာအတွင်းမှ ထွက်ခွာသွားချိန်၌ အလျင်အမြန်မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း စစ်ကြောင်းများ ထပ်မံရောက်ရှိလာမည်ကို စိုးရိမ်သောကြောင့် ပျက်စီးဆုံးရှုံးမှု အ​ရေအတွက်ကို အတည် မပြုနိုင်ဘဲ ကျေးရွာအတွင်းမှ ထွက်ခွာခဲ့ရကြောင်း သိရသည်။

“PDF ကို ထောက်ပံ့ကူညီတယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ရှို့တာလို့ ဒေသခံတွေက ပြောပါတယ်။ပျက်စီးမှု အိမ်ခြေအတိအကျ မသိရသေးပါဘူး” ဟု ရွှေဘိုခရိုင် သတင်းစုံမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြင်းဇီးရွာရှိ ဆင်အင်း စခန်းထဲသို့ ဝင်ရောက်သွားသော်လည်း ကင်းပုန်းများနှင့် စစ်ကြောင်းခွဲများ ရှိမရှိကို အတည်မပြုနိုင် သေးကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ညောင်ပင်သာရွာရှိ ဘိုကုန်းရပ်ကွက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article