28 C
Yangon

ပြည်သူထံမှ ငွေကျပ် သိန်းရာချီ ငွေညှစ်ပြီး လျှပ်စစ်မီး လွှတ်ပေးတဲ့ ကျိုက်ထို မြို့နယ် လျှပ်စစ်ရုံးမှ လက်ထောက်အင်ဂျင်နီယာ ရှမ်းလေး(ခ) မိုင်းအောင် နေထွန်း ပစ်ခတ်ခံရပြီး သေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လျှပ်စစ်မီတာရုံးမှ လက်ထောက် အင်ဂျင်နီယာ (AE) ရှမ်းလေး(ခ) မိုင်းအောင်နေထွန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း kyaikhto information team မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၉ ‎ရက် ညနေ ၅ နာရီခန့်တွင် လက်ထောက် အင်ဂျင်နီယာ ရှမ်း လေး သည် ဆိုင်ကယ်မောင်းနှင်လာစဥ် ကံ့ကော်ရုံး ထောင့် အရောက် အမည် မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ရင်ဘတ် ကျည်ထိ မှန်ကာ သေဆုံးသွား ကြောင်း သိရှိရသည်။

” ပစ်သတ်ခံရသူ မြို့နယ် လျှပ်စစ်ရုံးရဲ့ AE ရှမ်းလေးဆိုတဲ့သူပါ။ အမည် အရင်း လား ဘာလား ဆိုတာတော့ မသိဘူး။ ရှမ်းလေးလို့ပဲ သိရတယ်။ သူက ကျိုက် ထိုမြို့နယ် အတွင်းမှာ ကျေးရွာတွေကို ရွာလုံးကျွတ် လျှပ်စစ်မီးဖြတ်ဖို့ အဓိက အမိန့်ပေးသူပါ” ဟု kyaikhto information team မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သေဆုံးသူ လက်ထောက် အင်ဂျင်နီယာ ရှမ်းလေးသည် ကျေးရွာများကို လျှပ် စစ် မီး လင်းစေလိုလျှင် လျှပ်စစ်ဌာနသို့ ပိုက်ဆံ အမြောက်အမြား ပေးရ မည် ဟု တောင်း ရမ်းသူဖြစ်ကြောင်း၊ ကျေးရွာတစ်ရွာလျှင် သိန်း ၈၀ မှ သိန်း ၆၀၀ အထိ လျှပ်စစ် မီတာခကို သွင်းစေပြီးမှသာ လျှပ်စစ်မီးများ ပြန် လွှတ် ပေးသူ ဖြစ်ကြောင်းနှင့် သိမ်ဇရပ်မြို့တွင်လည်း သိန်း ၃၀၀၀ အထိ ပေးသွင်း ပြီးမှသာ လျှပ်စစ်မီး ပြန်လွှတ် ပေးခဲ့သူဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-‌ သေဆုံးသူ ကျိုက်ထိုမြို့နယ် လျှပ်စစ်မီတာရုံးမှ လက်ထောက် အင်ဂျင် နီယာ (AE) ရှမ်းလေး(ခ) မိုင်းအောင်နေထွန်း။

Photo Credit- KRIN ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article