30 C
Yangon

ကလေးမြို့ပေါ်တွင် သားသမီး ၄ ဦး၏ဖခင် U Thian Zei Thang ကို စစ်တပ် က အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်

Must read

ကလေးမြို့ပေါ်တွင် သားသမီး ၄ ဦး၏ဖခင် U Thian Zei Thang ကို စစ်တပ် က အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့‌ပေါ်တွင် သားသမီး ၄ ဦး၏ ဖခင် U Thian Zei Thang ကို စစ်တပ်က အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း‌ ဒေသ ပြည်သူများနှင့်ဒေသတင်းရင်းမြစ် Zalen ထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီအချိန် ကလေးမြို့၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဝယ်စလီဆေးရုံလမ်းထောင့်တွင် စစ်ဆေးရေး ဂိတ်ချထား သော စစ်တပ်က ပြည်သူ ၂ ဦး စီးနင်းလာသော ဆိုင်ကယ်တစ်စီးကို အကြောင်း မဲ့ ရမ်းသမ်းပစ်ခတ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ဆိုင်ကယ် နောက်တွင် လိုက်ပါလာသော U Thian Zei Thang သည် ရင်ဘတ် တွင် ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးကာ ဆိုင်ကယ် မောင်းနှင်သူ မှာမူ လက် မောင်း ကျည်ဆန်ထိမှန်သွားကြောင်း သိရှိရသည်။

“အပစ်ခံရတဲ့သူ ၂ ဦး က ပျဉ်းခုံကြီးရွာသားနှစ်ဦးပါ။ ကလေးမြို့ပေါ်မှာ စစ်တပ် က အဲဒီလိုပဲ မကြာခဏ ရမ်းကား ပစ်ခတ်လေ့ရှိပါတယ်။ အခုကလည်း ဆိုင်ကယ် ကို အကြောင်းမဲ့ ရမ်းသမ်းပစ်တာပါ။ အလောင်းကိုတော့ သဂြိုလ် လိုက်ပြီလို့သိရပါတယ်။ ကလေးမြို့ပေါ်မှာ အခြေအနေဆိုးပါတယ်။ ခွေးတွေက စိတ်မထင်ရင် မထင်သလို လုပ်နေပါတယ်” ဟု ကလေးမြို့ခံတစ်ဦးက ပြော ဆိုသည်။

ဓာတ်ပုံ- ကလေးမြို့‌ပေါ်တွင် သားသမီး ၄ ဦး၏ ဖခင် U Thian Zei Thang ကို စစ်တပ်က အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article