33 C
Yangon

ကော့ကရိတ်မြို့နယ်တွင် ယနေ့ နံနက် အစောပိုင်း စစ်တပ်က တိုက်လေယာဉ် ဖြင့် ဗုံးကျဲမှုကြောင့် နေအိမ် ၄ လုံး ပျက်စီးပြီး လူထိခိုက်မှုမရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယနေ့ နံနက်အစာပိုင်းအချိန် စစ် တပ် က တိုက်လေယာဉ်များဖြင့် ဗုံးကျဲခြင်းကြောင့် လူနေအိမ် ၄ လုံး ဗုံးထိမှန်ပျက်စီး‌ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ကော့ကရိတ်မြို့ခံများက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၀၀ နာရီ ၂ မိနစ်အချိန် တိုက်လေယာဉ် များ ဖြင့် ကော့ကရိတ်မြို့နယ်အတွင်း ဗုံးကျဲခြင်း၊ လက်နက်ကြိး ၁၂၀ မမများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ အဓိကအားဖြင့် KNU တပ်မဟာ ၆ စခန်းများဘက်သို့ ကျဲချခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်မြို့ခံများက ဆိုကြ သည်။

“အိမ်လေးဆောင် ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ တောင်ပိုင်းတနေရာပဲ လူတွေတော့ ထိခိုက်တာ မကြားပါဘူး” ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဒီဇင်ဘာလ ၁၆ ရက် နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်း၀ ခလရ ၂၃၁ စစ်တပ်စခန်းကို ကျားဖြူစစ်ကြောင်း က ဦးဆောင်ပြီး မဟာမိတ်တပ်များက တိုက်ခိုက်ရာ တပ်ရင်းမှူးအပါအဝင် ၇ ဦးသေကာ ၉ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ကျားဖြူတပ်ခွဲ ၁ က သ တင်း ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီ၏ လှိုင်း၀ ခလရ ၂၃၁ စစ်တပ်စခန်းကို ကျားဖြူ စစ် ကြောင်း က ဦးဆောင်ပြီး KNLA တပ်များ၊ PDF တပ်များ အပါအဝင် မဟာမိတ် တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ သည့် အပြင် လေကြောင်းစစ်ကူ တိုက်ခိုက်ရေး ရဟတ် ယာဉ် ၃ စင်းနှင့် သာလွန် အင် အားဖြင့် လာရောက်စစ်ကူပေးခဲ့သော်လည်း တော်လှန်ရေးအဖွဲ့များ အောင် မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ကျားဖြူစစ်ကြောင်းမှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ရပြီး ၂ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကာလက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပျက်စီးသွားသော လူနေအိမ် ၄ လုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article