29 C
Yangon

ချောင်းဦး၊ တောကျောင်းလေးရွာကို စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးစဉ် မိုင်းထိပြီး စစ်သား ၉ ဦးဝန်းကျင် သေဆုံး

Must read

ချောင်းဦး၊ တောကျောင်းလေးရွာကို စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးစဉ် မိုင်းထိပြီး စစ်သား ၉ ဦးဝန်းကျင် သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ တောကျောင်းလေးရွာကို စစ်တပ်က ဝင် ရောက် မီးရှို့ဖျက်ဆီးစဉ် မိုင်းထိပြီး စစ်သား ၉ ဦးဝန်းကျင် သေဆုံးကြောင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၈ နာရီအချိန် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ရှိ တောကျောင်းလေးရွာကို စစ်တပ်က ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကြောင်းထိုးမည်ကို ကြိုတင် သတင်းရရှိထား၍ တော်လှန်ရေးအဖွဲ့များက ရွာအတွင်း တိုက်မိုင်းများ ထောင်ခဲ့ကြောင်း၊ ရွာကို မီးဝင်ရှို့သော စစ်ကြောင်း သည် မိုင်းထိသဖြင့် စစ်ကောင်စီဝင် ၉ ဦးဝန်းကျင် သေဆုံးခဲ့ကြောင်း MPDF ရင်း ၁၇ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“မနက်ခင်း ၈ နာရီလောက်ကဗျ မီးရှို့ခံရတာ အိမ်ခြေ ၇၀ ကျော်ဗျ။ စစ်ခွေး တွေက မွန်းတည့် ၁၂ လောက်မှ ပြန်ထွက်သွားတယ်ဗျ။ ပြည်သူတွေကို တစ် ရွာလုံးရှောင်းခိုင်းထားပြီး နွားပါ မချန်ဆွဲထုတ်ခဲ့တယ်။ ရွာထဲ တိုက်မိုင်း တွေ ထောင်ခဲ့တာကြောင့် ၂ ပွိုင့် မိပြီး ၉ ကောင်လောက်တော့ သေတယ်ဗျ။ အလောင်းတွေကို ကောက်သွားကြတယ်ဗျ။ သွေးအိုင်တော်တော်များများလည်း တွေ့ရတယ်” ဟု MPDF တပ်ရင်း ၁၇ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ် သို့ ပြောကြားသည်။

ဒီဇင်ဘာ ၂၆ ရက်နေ့ ည ၈ နာရီမှ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၃ နာရီအထိ စစ်တပ်နှင့်ဒေသပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစော ထီးကျေးရွာဖြစ်သည့် ကန်ကြီးကုန်းရွာကို တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ အမြင့် ရဲစခန်းကို သိမ်းယူရန် နောက်တစ်ဆင့်တက်ချိန်တွင် လေယာဉ်များ ဝဲလာ၍ လှည့်ပြန်ခဲ့ရကြောင်း တော်လှန်ရေးရဲဘော်များထံမှ သိရှိရသည်။

စစ်တပ်က တောကျောင်းလေးရွာမှ ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ ဝန်း ကျင်တွင် ပြန်ထွက်သွားကြပြီး အမြင့်စခန်းဘက်သို့ ဦးတည် ထွက် သွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က ယနေ့ မီးရှို့ဖျက်ဆီးသွားသော တောကျောင်းလေးကျေးရွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article