30 C
Yangon

စစ်တပ်တပ်စွဲခဲ့သော ဒီးမော့ဆိုကုန်းသာ ကျေးရွာကို ကရင်နီတပ်များက ပြန် လည်ထိန်းချုပ် နယ်မြေရှင်းလင်းရာတွင် ပြည်သူ့ဆိုင်ကယ်များကို ဖျက်ဆီး ရေတွင်းထဲချခဲ့ခြင်း၊ အိမ်များကို ဖောက်ထွင်းမှုများ စစ်တပ်က လုပ်ဆောင်ခဲ့

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာနှင့် သေးဆူလဲ ကျေးရွာများ အတွင်း စစ်တပ် ထိန်းချုပ်ထား သော နယ်မြေကို ကယား (ကရင်နီ) တော်လှန် ရေး တပ်ပေါင်းစု (KRU) က ပြန်လည်ထိန်းချုပ်ပြီး နယ်မြေရှင်းလာရာတွင် ဆိုင်ကယ်များကို ရေတွင်းထဲချခဲ့ခြင်း၊ အိမ်များကို ဖောက်ထွင်းမှုများ မြင်ရ ကြောင်း KRU မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

KRU အနေဖြင့် ဒီးမော့ဆိုမြို့ ၊ကုန်းသာ ကျေးရွာ အတွင်း နယ်မြေ များပြန် လည် ရှင်းလင်းစဉ် စစ်ကောင်စီတပ်များ၏ ရိက္ခာ ၊ စွပ်ဗုံး၊ကျည်ဆံ နှင့် အသုံး အဆောင်ပစ္စည်းများကိုလည်း သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေကို မိုင်းရှင်း လင်းရေး များ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“အိမ်တွေကို ဖောက်ထွင်းထားတယ်။ ဆိုင်ကယ်တွေကို ဖျက်ဆီးပြီး ရေတွင်းထဲ ပစ်ချထားတယ်။ သူတို့အသုံး အဆောင် ပစ္စည်းတွေ သိမ်းထားပါတယ်။ အခုက တော့ နယ်မြေရှင်းလင်းရေး လုပ်ထားပြီးပါပြီ” ဟု KRU မှ သတင်းနှင့်ပြန် ကြား ရေး တာဝန်ရှိသူက ပြောသည်။

အလားတူ သေးဆူလဲ ကျေးရွာအတွင်းတပ်စွဲထားသော အကြမ်းဖက် စစ် ကောင် စီ ဝင်များနှင့် KNDF, KA, KGZ, PDF တို့ပူးပေါင်း တပ်ဖွဲ့ ထိတွေ့ တိုက် ခိုက်မှု ဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ နယ်မြေများကို ပြန်လည် ထိန်းချုပ် နိုင်ခဲ့ ကြောင်း သိရှိရသည်။

ကရင်နီတပ်များက နယ်မြေများကို ပြန်လည် ထိန်းချုပ်လိုက်သဖြင့် အကြမ်း ဖက် စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များကြား တိုက်ပွဲများ ပြန်ဖြစ်နိုင်ပြီး ပိုမိုပြင်းထန်လာနိုင်သောကြောင့် လက်နက် ၊ ကျည်ဆံ များ ပိုမိုလှူဒါန်း ပေး ကြပါရန်လည်း ပြည်သူများကို ကယား (ကရင်နီ)တော်လှန်ရေး တပ်ပေါင်း စု(KRU)က မေတ္တာရပ်ခံသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article