29 C
Yangon

စမ်းချောင်း၊ ဝေဠုဝန် မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝေဖြိုးအောင်နှင့် ရာအိမ် မှူး ထွန်းထွန်း လက်ဖက်ရည်သောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ဖက်ရည် ဆိုင်မှ CCTV ကို စစ်တပ်နှင့် ရဲက သိမ်းဆည်းသွားပြီး CCTV ပါ သေနတ်သမား ၂ ဦးကို ရှာဖွေ

Must read

စမ်းချောင်း၊ ဝေဠုဝန် မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝေဖြိုးအောင်နှင့် ရာအိမ် မှူး ထွန်းထွန်း လက်ဖက်ရည်သောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ဖက်ရည် ဆိုင်မှ CCTV ကို စစ်တပ်နှင့် ရဲက သိမ်းဆည်းသွားပြီး CCTV ပါ သေနတ်သမား ၂ ဦးကို ရှာဖွေ
ရန်ကုန်၊ ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်း၊ စမ်းချောင်း၊ ဝေဠုဝန် မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝေဖြိုး အောင်နှင့် ရာအိမ်မှူး ထွန်းထွန်း တို့ ယနေ့ နံနက်ပိုင်း လက်ဖက် ရည်သောက် နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် စမ်းချောင်း မြို့နယ်၊ စမ်းချောင်း၊ ဝေဠုဝန် မြောက်ရပ်ကွက်ရှိ စူပါလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေသော အုပ်ချုပ်ရေးမှူး ဝေဖြိုးအောင်နှင့် ရာအိမ်မှူး ထွန်းထွန်းတို့ကို သေနတ်သမား ၂ ဦးက ဝင်ရောက်ပစ်ခတ်သဖြင့် သေဆုံး သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်နှင့်ရဲက စမ်းချောင်းဘက်ရှိ လမ်းများကို ပိတ်ဆို့ပြီး စစ်ဆေးမှုများ လုပ်ဆောင်သည့်အပြင် စူပါလက် ဖက်ရည် ဆိုင်မှ CCTV ကိုလည်း စစ်တပ်က သိမ်း ဆည်းသွားကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် သတိထားသင့် ကြောင်း ဒေသပြည်သူများက ဆိုကြသည်။
“သေသွားတဲ့ အုပ်ကြီးက ပြည်သူချဥ်ဖတ်။ အများခေါ် ငဖြိုးတဲ့။ သူသွားရင် ဘေး က စစ်ခွေး ၂ ကောင်လိုက်တယ်။ စမ်းချောင်း စူပါလက်ဖက်ဆိုင်မှာ အုပ် ချုပ်ရေးမှူးနဲ့ နောက်လိုက်ကို ပစ်သွားတဲ့ လူငယ်တွေတော့ သတိထား သင့် တယ်။ ဆိုင်မှာ CCTV တပ်ထားတယ်။ အဲဒါကို စစ်တပ်နဲ့ ရဲက သိမ်းသွား ပြီ။ CCTV မှာ သေနတ်သမား ၂ ဦးပုံပေါ်တယ်ပြောပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- စမ်းချောင်းဗဟိုလမ်းဘက်တွင် စစ်ကားများ လှည့်လည်နေစဉ်။ (ပုံအဟောင်း ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article