33 C
Yangon

ရန်ကုန်မြို့လယ်ခေါင် ဆူးလေမီးပွိုင့်တွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်သား အောင်စိုးထွန်းကို YBS ခရီးသည်တင်ယာဉ်က တက်ကြိတ်၍ သေဆုံး

Must read

ရန်ကုန်မြို့လယ်ခေါင် ဆူးလေမီးပွိုင့်တွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်သား အောင်စိုးထွန်းကို YBS ခရီးသည်တင်ယာဉ်က တက်ကြိတ်၍ သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ရန်ကုန်မြို့လယ်ခေါင် ဆူးလေမီးပွိုင့်တွင် ရဲတပ်သား အောင်စိုးထွန်းကို YBS ခရီးသည်တင်ယာဉ်က တက်ကြိတ်၍ သေဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်တချို့နှင့် ဖြစ်စဉ်ကို သိရှိသော သတင်းရင်းမြစ်တချို့၏ ပြောဆိုချက်အရ သိရှိရသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် စက်ဘီးစီးလာသော ရဲတပ်သား အောင်စိုးထွန်းက ရန်ကုန် မြို့လယ်ခေါင် ဆူးလေ မီးပွိုင့် မီးနီကို ဖြတ်မောင်းစဉ် မီးစိမ်းကို ဖြတ်မောင်းလာသော YBS 87 က ဖြတ်တိုက်မိပြီး တက်ကြိတ်မိကြောင်း၊ ရဲတပ်သား အောင်စိုးထွန်းသည် YBS ခရီးသည်တင်ယာဉ် အောက်ထဲသို့ ဝင်သွားပြီး ဆေးရုံတင်ပို့ခဲ့သော်လည်း သေဆုံးသွားကြောင်း၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ တွင် သဂြိုလ်ခဲ့ပြီး အောင်စိုးထွန်းသည် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်သားတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး ရဲတပ်သား အောင်စိုးထွန်းသည် မီးနီကို ဖြတ်မောင်း၍ ကား ကြိတ် ခံရခြင်းဖြစ်သော်လည်း အမှား ကျူးလွန်မှုမရှိသော YBS 87 ယာဉ်မောင်းကို ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်း အမှုဖွင့်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article