30 C
Yangon

ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၂၀ ကျော်ပြာကျ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၂၀ ကျော်ပြာကျခဲ့ကြောင်း We Love Myaing အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာကို ဝင်ရောက် စီးနင်း မီးရှို့မှုကြောင့် ပြည်သူပိုင် နေအိမ် ၂၀ ကျော် ပြာကျခဲ့ကြောင်း သိရသည်။

ထောက်ရှာပင်ရွာကို မီးရှို့ ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ထောက်ရှာပင်ရွာမှ အရှေ့ဘက်သို့ ထွက်ခွာလာပြီး မြိုင်မြို့နယ် အတွင်းသို့ ဝင်ရောက်လာကာ လက်ခုပ်ပင်ရွာနှင့် မြင်းကိုးသစ်ရွာများမှ တစ်ဆင့် ဝါးရင့်ချိုင်ရွာသို့ ဝင်ရောက်ခဲ့ပြီး ဝါးရင့်ချိုင်ရွာ၌ ညအိပ်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝါးရင့်ချိုင်ရွာမှ ထွက်ခွာလာပြီး ပေပင်တိုက်ရွာမှ မြိုင်မြို့နယ်တောင်ပိုင်း ဆယ်ပြားရွာအတွင်းသို့ လက်နက်များ ရမ်းသမ်း ပစ်ခတ် ဝင်ရောက်ခဲ့ပြီးနောက် ဆယ်ပြားရွာနှင့် စိုပြင်ရွာအကြား ရောက်ရှိနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article