28 C
Yangon

ကန့်ဘလူတွင် စစ်ကောင်စီတပ်က ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ပစ်သတ်၊ မြောင်တွင် ဖမ်းဆီးခံပြည်သူ ၁ ဦးက သေနတ် လုရန် ကြိုးစား သည်ဟု ဆို ကာ စစ်တပ်က ပစ်သတ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဆည်ကြီးရွာနှင့် မြောင်မြို့နယ် ဆယ်ရွာတွင် စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ကျွန်းလှမြို့နယ်၊ ထန်းပင်ကုန်းရွာမှ အပြစ်မဲ့ရွာသား အသက် ၄၀ ဝန်းကျင် အရွယ် ကိုအောင်ချိုဝင်း၊ အသက် ၃၀ ဝန်းကျင်အရွယ် ကိုမောင်မောင်တို့ပါ ၄ ဦးသည် ကန့် ဘလူမြို့နယ်၊ ဆည်ကြီး ရွာ အနီးအနီးရှိ တောင်ယာတဲအတွင်းမှ ပစ္စည်းများ ယူဆောင်ရန်နှင့် တဲဖျက် ရန်သွားရောက်စဉ် အကြမ်းဖက်စစ်ကောင်စီ ကင်းပုန်းတပ်သားများက ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကန့်ဘလူ-ကျွန်းလှ နှစ်မြို့နယ်အစပ်က ဆည်ကြီးရွာအနီးမှာ ပစ်ခံလိုက် ရတာ၊ သေတာက နှစ် ယောက် ဒဏ်ရာရတာက နှစ်ယောက်၊ ဘယ်တပ်ဆိုတာ တော့ မသိရသေးဘူး။ ကင်းပုန်းဝပ်နေတဲ့ စစ် သားတွေက ပစ်လိုက်တာ၊ သူတို့က တဲဖျက်ဖို့ရယ်၊ တဲထဲက ပစ္စည်လေးတွေ သွးသယ်ရာကနေ ပစ် ခံ လိုက်ရတာ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

ပစ်ခတ်ခံရပြီးသေဆုံးသူများမှာ ကိုအောင်ချိုဝင်းနှင့် ကိုမောင်မောင်တို့ဖြစ်ပြီး ကျန်နှစ်ဦးမှာ လက် မောင်းနှင့် ခြေထောက်တို့တွင် ကျည်ထိမှန်ဒဏ်ရာ များရရှိခဲ့ကြောင်း၊ ယင်းဆည်ကြီးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ပထမအပတ် အတွင်းမှစ၍ အကြမ်းဖက်ပျူစောထီးခေါင်းဆောင် သင်္ကန်းဝတ် ဝါသဝ ကိုယ်တိုင် ဦးဆောင်ကာ အထိုင်ချတပ်စွဲထားပြီး ဒေသခံပြည်သူများကို ပျူစောထီးသင်တန်းတက်ရန် ခြိမ်းခြောက်စည်းရုံးနေကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ အကြမ်းဖက်စစ် ကောင်စီတပ်သားများသည် ယနေ့ ဒီဇင်ဘာလ ၂၀ ရက် နံနက်ပိုင်းက ဆယ်ရွာကို ဝင်ရောက်မီးရှို့ပြီး ကျေးရွာသား ကိုမြတ်သူအောင်ကို အကြမ်း ဖက်ဖ မ်းဆီးစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ သေဆုံးသွားကြောင်း ကိုတိုက်ဂါး(မြောင်)က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

“ယနေ့မနက် မြောင်၊ ဆယ်ရွာရောက် ကျောက်ရစ်စခတွေက ဆယ်ရွာ ပြည် သူ့အိမ် မီးရှို့ကာ ရွာအတွင်း နေထိုင်တဲ့ ကိုမြတ်သူအောင်ကို ဖမ်းစီးတယ်။ စခတွေ ဖမ်းစီးခံရတဲ့ ကိုမြတ်သူအောင်က စခ လက်ထဲက သေနတ်ဝင်လု ပြေးချိန် နောက်ပါ စခတွေကနေ လှမ်းပစ်လို့ ကိုမြတ်သူအောင် နေရာမှာပဲ ကျဆုံးသွား ပါတယ်။ လက်ရှိ စခ တွေ ဘူးကိုင်းရွာထဲ ပြန်ခေါက် ပြီးကျောက် ရစ်ပြန်ဝင်သွားပါတယ်” ဟု ကိုတိုက်ဂါး မြောင်က လူမှုကွန်ရက်တွင် ရေးသား သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- နွားထိုးကြီးတွင် စစ်တပ်နှင့် စစ်လပ်လက်အောက်ခံ ပျူစောထီးက သတ်ဖြတ်ထားခဲ့သည် ပြည်သူတချို့၏ ရုပ်အလောင်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article