34 C
Yangon

ပြည်သူတွေကို ချွေတာခိုင်းတဲ့ မင်းအောင်လှိုင်နဲ့ မိန်းမ ကြူကြူလှ ဒေါ်လာ ထောင်ချီတန် အဝတ်၊ အိတ်အသုံး အဆောင် တွေနဲ့ လူလုံးပြ ပွဲတက်နေ၊ တစ်မိသားလုံး တန်ဖိုးကြီး နာမည်ကြီး တံဆိပ် များကိုသာ သုံးစွဲ

Must read

ပြည်သူတွေကို ချွေတာခိုင်းတဲ့ မင်းအောင်လှိုင်နဲ့ မိန်းမ ကြူကြူလှ ဒေါ်လာ ထောင်ချီတန် အဝတ်၊ အိတ်အသုံး အဆောင် တွေနဲ့ လူလုံးပြ ပွဲတက်နေ၊ တစ်မိသားလုံး တန်ဖိုးကြီး နာမည်ကြီး တံဆိပ် များကိုသာ သုံးစွဲ

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေကို လျှပ်စစ် ချွေတာဖို့ ၊ စက်သုံးဆီ ချွေတာ ဖို့အတွက် တဖွဖွပြောပြီး စက်ဘီးပါ စီးခိုင်း လာပေမယ့်လည်း မင်းအောင်လှိုင်နဲ့ သူ့မိန်းမ ကြူကြူလှကတော့ ဒေါ်လာ ထောင်ချီ တန် အဝတ်တွေ၊ အိတ်တွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကို ကိုင်

ဆောင် အသုံးပြု ပွဲတွေတက်လူလုံးပြနေပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီ အစည်း အဝေး၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့တဲ့ ကချင်ပြည်သူ စစ်ကောင်စီအစည်းအဝေးတွေမှာ မင်းအောင် လှိုင်က ပြည်သူတွေအနေနဲ့ လျှပ်စစ်ဓာတ်အား ချွေတာဖို့ ၊ ရေကို ချွေတာဖို့ ၊ စက်သုံးဆီချွေတာဖို့ အမြဲမ ပြတ်ပြောနေပါတယ်။ ဒါ့အပြင် စက်သုံးဆီ သုံးစွဲမှုကို လျှော့ချပြီး စက်ဘီးကဲ့ သို့သော ယာဉ်များ ပြည်သူတွေ စီးနင်းကြဖို့ တိုက်တွန်းခဲ့ တာလည်း ဖြစ်ပါတယ်။

ပြည်သူတွေကို ချွေတာဖို့ ပြောနေပေမယ့်လည်း အကြမ်းဖက် မင်းအောင်လှိုင်၊ကြူကြူလှနဲ့ မိသားစုတစ်ခုလုံးက အသုံးအဆောင်တွေ ဝယ်ယူရာမှာ ပြည်ပ နာမည်ကြီး တံဆိပ်တွေကို ခုံခုံမင်မင် ဝယ်ယူသုံးစွဲနေကြတာလို့ စစ်ဘက် သတင်းရပ်ကွက်က အတည်ပြုပြောဆိုပါတယ်။

မင်းအောင်လှိုင်နဲ့ ကြူကြူလှကိုယ်တိုင် တက်ရောက်တဲ့ ပွဲအခမ်းအနားတွေမှာ ဒေါ်လာ ထောင်ချီတန် အိတ်နဲ့ အင်္ကျီတွေကို ဝတ်ဆင်ပြီး လူလုံးပြ နေကြ ပါတယ်။

ရန်ကုန်ခေတ်သစ်က မင်းအောင်လှိုင်နဲ့ ကြူကြူလှ တို့အသုံးပြုနေတဲ့ အိတ်တွေ၊ အင်္ကျီတွေကို အသေးစိတ် လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။ အခု ဒီဇင်ဘာလ အတွင်း မင်းအောင်လှိုင်နဲ့ ကြူကြူလှဟာ ပွဲ ၂ ခုအတွင်းမှာ ဒေါ်လာ ထောင်ချီ တန် အိတ်တွေ၊ အင်္ကျီနဲ့ ဂျာကင်တွေကို ထုတ်ဝတ်ပြီး လူလုံးပြ အခမ်းအနား တက်ခဲ့ကြပါတယ်။

မင်းအောင်လှိုင်ဝတ်တဲ့ ဒေါ်လာ ၁၃၀၀ တန် ဂျာကင်

=============================

အကြမ်းဖက်မင်းအောင်လှိုင်က ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့ အထိ မြစ်ကြီးနားနဲ့ ပူတာအို ဒေသသို့ သွားရောက် လည်ပတ်ခဲ့ပြီး ပူတာအိုမှာ မင်းအောင်လှိုင်က အမေရိကန်ဒေါ်လာ ၁၂၉၀ တန် Burberry ကုမ္ပဏီထုတ် ဂျာကင်ကို ထုတ်ဝတ်ပြီး စစ်ဆေးရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။

မြန်မာကျပ်ငွေ တစ်ဒေါ်လာ ၂၉၀၀ နီးပါး ရှိနေချိန်မှာ မင်းအောင်လှိုင် ဝတ်ထား တဲ့ Burberry ဂျာ ကင် က မြန်မာကျပ်ငွေ ၃၇ သိန်းကျော် တန်ကြေးရှိနေတာဖြစ်ပါတယ်။

မင်းအောင်လှိုင်က အဲဒီBurberry ကုမ္ပဏီထုတ် ဂျာကင်ကိုဝတ်ဆင်နေ ရတာ ကို အတော်သဘော ကျနေပုံလည်းရှိ နေပါတယ်။

ကြူကြူလှ ကိုင်တဲ့ ဒေါ်လာ ၂၈၀၀ ကျော်တန် အိတ်

==================================

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိန်းမ ကြူကြူလှကတော့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မင်္ဂလာဒုံ စစ် ဆေးတက္ကသိုလ်ရဲ့ သင်တန်းဆင်း ညစာစားပွဲမှာ အမေရိကန်ဒေါ်လာ ၂၈၃၀ တန် မြန်မာကျပ်ငွေ ၈၂ သိန်း တန်ကြေးရှိတဲ့ louis vuitton အိတ်ကို ကိုင်ဆောင်ပြီး ပွဲတက်လာပါတယ်။ ကြူကြူလှက အဝတ်အစား အရောင်နဲ့လိုက်ဖက်အောင် အနီရောင် louis vuitton အိတ်ကို အသုံးပြုခဲ့ပါတယ်။

မင်းအောင်လှိုင်မိသားစုအတွင်းမှ နာမည်ကြီးတံဆိပ်များကိုသာ အသုံးပြု

===============================================

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့ တရားစွဲဆိုထားတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင် လှိုင် အနေနဲ့ ဘယ်ဝင်ငွေနဲ့များ အခုလို ပြည်ပ နာမည်ကြီး တံဆိပ်တွေ ဝယ်နိုင်တာပါ လဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

ပြည်တွင်းဖြစ်ကို အားပေးပါဆိုတဲ့ မင်းအောင်လှိုင်အနေနဲ့ နိုင်ငံခြား နာမည်ကြီး အသုံးအဆောင် တွေကိုချည်း သုံးစွဲနေတာက သူ့စကားသူ မစောင့်စည်းနိုင် မှုကို ပြသနေတာလည်းဖြစ်ပါတယ်။

သုံးသပ်ချက်

===========

ပြည်သူတွေ ဆင်းရဲ ကျပ်တည်းနေချိန်မှာ မင်းအောင်လှိုင်နဲ့ ကြူကြူလှ ၊ စစ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့ ငဲ့ညှာခြင်း မရှိဘဲ ၎င်းတို့ စိတ်ကြိုက် ပြည်သူ့ ငွေတွေနဲ့ ပျော်ပါး သုံးစွဲခွင့်ရနေကြပါတယ်။

ဗိုလ်ရှုသဘင်ပွဲတွေ၊ စိန်ရတုပြည့်နှစ် အခမ်းအနားတွေကို ပြည်သူ့ဘဏ္ဍာ ငွေကျပ် ဘီလီယံ ပေါင်း များစွာ သုံးစွဲ ကျင်းပနေတာလည်း ဖြစ်ပါတယ်။ ပြည်သူကို ချွေတာခိုင်းပေမယ့် မင်းအောင်လှိုင်နဲ့ မိန်းမ ကတော့ ပွဲတက်မပြတ်၊ ပွဲဆက်မပြတ် ရှိနေပါတယ်။

မင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းမှု အခြေခံမှာ မဲစာရင်းမှားယွင်းမှု အမည် တပ်လို့ မင်းအောင်လှိုင် မိသားစု၊ စစ်တပ်အသိုင်းအ၀ိုင်း စီးပွားရေးကို ကာကွယ်ဖို့၊ စစ်တပ် အကျိုးစီးပွား အာဏာ တည်ဆောက်ဖို့ဆိုတာ မင်းအောင်လှိုင်နဲ့ ကြူကြူလှတို့ရဲ့ ဒေါ်လာထောင်ချီတန် ပွဲတက် ဖက်ရှင် အသုံးအဆောင်တွေက ညွှန်ပြနေပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article