29 C
Yangon

မြိုင်၊ ဆားလင်းကြီးနှင့် ငါန်းဇွန်တို့ တွင် စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက် မှု စစ်သား ၃ ဦးသေဆုံး

Must read

မြိုင်၊ ဆားလင်းကြီးနှင့် ငါန်းဇွန်တို့ တွင် စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက် မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံ​မြေ Well 2 အကြမ်းဖက် စစ်တပ် စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံး ကြောင်း ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့ (မြိုင်)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မြိုင်မြို့နယ် အနောက်ပိုင်း ကျောက် ခွက် ရေနံ​မြေ Well 2 အတွင်းရှိ အကြမ်းဖက် စစ်တပ် စခန်းကို လက် နက်ကြီး ၉ လုံး၊ ၁၂၀ မမ ၁၁ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေ ဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” စစ်ခွေးစခန်းကို သွားပစ်တာ စခန်းထဲမှာရှိတဲ့ စစ်ခွေး ၂ ကောင်သေတယ်။ ထိ ခိုက်ဒဏ်ရာရတာတွေလည်းများတယ်။ ကျွန်တော်တို့ ရဲဘော်တွေတော့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့ (မြိုင်)မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စခန်းကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့(မြိုင်)နှင့် မြိုင်မြို့နယ် ဂဠုန် ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့တပ်ခွဲ ၂ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများနှင့် ကြံ့ဖွတ်ရုံးကို ပစ်ခတ် တိုက် ခိုက် ခဲ့ကြောင်း တွေ့ရာသင်္ချိုင်းဓါးမဆိုင်းအဖွဲ့မှ ဗိုလ်စွမ်းက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၆ ရက် ည ၈ နာရီခန့်တွင် ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တရားရုံး၊ ထွေအုပ်ရုံး၊ ရဲစခန်းနှင့် ကြံ့ပါတီရုံးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ လက်နက်ကြီး များဖြင့် အချက် ၃၀ ကျော် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

“ပစ်ခတ်တာက ဒီအကြိမ်နဲ့ဆိုရင် ၈ကြိမ်မြှောက်တိုက်ခိုက်တာဗျ။ ခွေးအသေ ကတော့ မသိရသေးဘူး။ ရဲစခန်းထဲရော ထွေအုပ်ရုံးထဲရော တရားရုံးထဲရော ကျရောက် ပေါက်ကွဲတယ်လို့ ဒေသခံတွေဆီကနေ သိရတယ်။ သူတို့ဘက် ကလည်း ပြန်လည် ပစ်ခတ်တာတွေရှိတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က အထိ အခိုက်အကျဆုံးမရှိခဲ့ဘူး”ဟု တွေ့ရာသင်္ချိုင်းဓါးမဆိုင်းအဖွဲ့မှ ဗိုလ်စွမ်းက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းတပ်မတော် (D.M.S.A) ၊ယင်းမာပင် ခရိုင်တပ် ရင်း -၂၈၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ ၊တပ်ခွဲ ၄ ၊ တပ်ခွဲ ၅ တို့က ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကြင်ရွာတွင် စစ်သားနှစ်ဦးကို ဝင် ရောက် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ‌ ၁ ဦး သေဆုံးသွားကြောင်း TGYR- Youth Guerilla Counter Revolution ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၁၇ မိနစ်က သားကြင်ရွာ၌ တပ်စွဲထား သော စစ်စခန်းမှ တပ်သားနှစ်ဦးကို စွန်ရဲစစ် ဆင်ရေး ၄ အဖြစ် ပြည်သူ့ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့များက အလစ်အငိုက် လက်ပစ် မိုင်း၊ သေနတ်တို့ဖြင့် ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့ရာမှ စစ်သား ၁ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို TGYR- Youth Guerilla Counter Revolution ၊ မာန် စွယ် ကျား ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နှင့် GHGF – Black Hero Guerilla Force တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article