36 C
Yangon

မြောင်မြို့နယ် ကူးတို့ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီဝင်များ မီးရှို့ ဖျက်ဆီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကူးတို့ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီဝင်များနှင့် အပေါင်းပါ ပျူစောထီးနှင့် ရဲများသည် ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီမှ စတင်၍ မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“မနက် ၈ နာရီကျော်လောက်ကို သူတို့ မြောင်ကနေ ထွက်လာတယ်ဗျ။ မြောင်ကနေ ထွက်လာပြီး ကူးတို့ကုန်းကျေးရွာကို ရောက်တော့ တန်းပြီး မီးတင်ရှို့တာဗျ။ တိုက်ပွဲလည်း မရှိဘူး။ အခုထိ ရှို့နေတုန်းပဲ ။ ခု ကူးတို့ကုန်းရွာထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်” ဟု MPDF သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ကူးတို့ကုန်းကျေးရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိသည့် ကျေးရွာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဝင်များ ဝင်ရောက်မီးရှို့ဖျက်ဆီးနေသည့်အတွက် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

ပုံစာ – အကြမ်းဖက်စစ်ကောင်စီဝင်များ၏ မီးရှို့ဖျက်ဆီးခံရသည့် ကူးတို့ကုန်းကျေးရွာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article