33 C
Yangon

ရေးမြို့နယ်တွင် ခမရ ၅၉၁ စစ်ကားကို ရေးဘီလူးအဖွဲ့က ၀ိုင်းဝန်း ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး၊ စစ်ကား မောင်းပြေး

Must read

ရေးမြို့နယ်တွင် ခမရ ၅၉၁ စစ်ကားကို ရေးဘီလူးအဖွဲ့က ၀ိုင်းဝန်း ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး၊ စစ်ကား မောင်းပြေး

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာဘက်သို့ ဝင်ရောက်လာသော စစ်ကားကို ယနေ့ နံနက်ပိုင်းတွင် ရေးဘီလူး တပ်ဖွဲ့က ၀ိုင်းဝန်းပစ်ခတ်ရာ စစ်သား ၂ ဦးသေဆုံးပြီး စစ်ကား မောင်းပြေးသွားကြောင်း ရေးဘီလူးအဖွဲ့ ခေါင်း ဆောင်က တရားဝင် သတင်းထုတ်ပြန် ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်း မွန်ပြည်နယ်၊​ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ တပ်မှ စစ်ကားကို ရေးဘီလူးတပ်ဖွဲ့က ၀ိုင်းဝန်းပစ်ခတ်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း၊ စစ်ကားက မောင်းပြေးသွား၍ လက်နက်များ မရရှိခဲ့ကြောင်း၊ မွန်ပြည်နယ်တွင် ပိုမိုကောင်းမွန်သော မစ်ရှင်များထပ်မံဖောင်ဆောင်မည်ဖြစ်ကြောင်း ရေးဘီလူး အဖွဲ့ ခေါင်းဆောင်က ပြောဆိုသည်။

” ကျောင်းရွာထဲ ဝင်လာတဲ့ ၅၉၁ စစ်ကားကို ကျနော်တို့ ရေးဘီလူး အဖွဲ့ကနေ ၀ိုင်းပစ်တာဖြစ်ပါတယ်။ ခွေးတွေ ခွေးပြေး ဝက်ပြေးပြေးတယ်။ ကားပေါ်မှာ ခွေးတပ်သား ၂ ဦးကျပါတယ်။ ကားမရပ်တော့ ကျနော်တို့ လက်နက်တွေကို လုဖို့ အချိန်မရလိုက်ဘူး။ ကားမောင်းပြေးသွားတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။

ရေးဘီလူးအဖွဲ့သည် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်တိုက်ခိုက်နေသော တပ် ဖွဲ့ တစ်ခုဖြစ်ပြီး ရေးမြို့နယ်တွင်သာမက အကြမ်းဖက်စစ်ကောင်စီ ထိပ်ပိုင်းအထိ ရေးဘီလူးအဖွဲ့၏ တိုက်ခိုက်မှုများကို ကြောက်ရွံ့တုန်လှုပ်ကြကြောင်း နေပြည်တော်စစ်ဘက်သတင်းရပ်ကွက်ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article