36 C
Yangon

ဝက်လက်ဒေသတွင် ကျောင်းသား ပြည်သူများ ဦးဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

Must read

ဝက်လက်ဒေသတွင် ကျောင်းသား ပြည်သူများ ဦးဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ဝက်လက်ဒေသတွင် ဗကသများ အဖွဲ့ချုပ်နှင့် ၀က်လက် သပိတ်ကော်မတီတို့မှ ဦးဆောင်ကာ ဒေသခံပြည်သူများပါ ပူးပေါင်းပါဝင်ခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကျောင်းသားနေ့ဟု ခေါ်တွင်ခြင်းသည် အမျိုးသားလွတ်မြောက်ရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲအတွင်း ကျဆုံးခဲ့သော ကိုအောင်ကျော်ကို အမှတ်တရ ဖြစ်စေရန် ‘ကျောင်းသားနေ့’ (သို့မဟုတ်) ‘ဗိုလ်အောင်ကျော်နေ့’ဟု သတ်မှတ်ခဲ့ကြကြောင်း၊ မျက်မှောက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲတွင် ကျောင်းသား ပြည်သူတရပ်လုံးသည် စည်းလုံး ညီညွတ်စွာ တိုက်ပွဲ၀င်လျက်ကြောင်း၊ ကျောင်းသား ပြည်သူတို့၏ ညီညွတ်ရေးကို ပေါ်လွင်စေရန် “ကျောင်းသားနေ့” ဟု ဂုဏ်ပြုချီတက်ပွဲတွင် ကျောင်းသားပြည်သူတို့ လက်တွဲညီညီ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်များမှ တက်ရောက်ချီတက်ရာတွင်ပါဝင်ခဲ့သော ကျောင်းသားရဲဘော်လူငယ်များနှင့်မိဘပြည်သူများကို ‌ကျောင်းသားနေ့ နှင့်သက်ဆိုင်သည့် သမိုင်းဆိုင်ရာအကြောင်းအရာများနှင့်အတူ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်တရားလည်း ဟောပြောခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article