30 C
Yangon

အကြမ်းဖက် စစ်ကောင်စီ ကို ရှုတ်ချရန် အာဆီယံနှင့်အီးယူတို့ ပျက်ကွက်မှု NUG က ဝေဖန်ထောက်ပြ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ဥရောပသမဂ္ဂ(EU)-အာဆီယံ ထိပ်သီး အစည်းအဝေးက မြန်မာနိုင်ငံနှင့် ပတ် သက်ပြီး ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ရာတွင် စစ်ကောင်စီ ကို ရှုတ်ချရန် ပျက်ကွက်ခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန က ယနေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် ဝေဖန်သည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့က အီးယူ-အာဆီယံ ထိပ်သီး အစည်းအဝေးတွင် မြန်မာ နိုင်ငံ နှင့်ပတ်သက်၍ အတည်ပြု ချမှတ်ခဲ့သော ပူးတွဲကြေညာချက်တွင် အမျိုး သား ညီညွတ်ရေးအစိုးရNUGကို မြန်မာပြည်သူများ၏ တရားဝင် ကိုယ်စား လှယ်အဖြစ် ထောက်ခံကြောင်း ဖော်ပြထားခြင်း မရှိသည့်အပြင် တရားမဝင် အကြမ်းဖက် စစ်အာဏာရှင်များ၏ ကြမ်းကြုတ်ယုတ်မာရက်စက်မှုများကို ရှုတ်ချကြောင်း ဖော်ပြရန်လည်း ပျက်ကွက်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက် ချင်း ရပ်တန့်ရန်၊ နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးရန်နှင့် လိုအပ် လျက်ရှိသည့် လူသားချင်း စာနာမှု အကူအညီများအား ခွဲခြားဆက် ဆံမှုမရှိဘဲ ထိရောက်စွာ ပေးအပ်နိုင်ရေးတို့အတွက် တောင်းဆို ထားကြောင်း တွေ့ရှိရ​ကြောင်း၊ အီးယူနှင့် အာဆီယံခေါင်းဆောင်များအနေဖြင့် ယခုနှစ် ဇူလိုင်လ အတွင်းက ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို အကြမ်းဖက်စစ်အုပ်စုက မတရား ကွပ်မျက်ခဲ့ခြင်းကို ရှုတ်ချခဲ့ပြီး၊ အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန်အား “သက်ဆိုင်သည့် အဖွဲ့ အားလုံးနှင့် အပြည့်အဝ ထိတွေ့ဆက်ဆံ၍ ယုံကြည်မှု” တည်ဆောက်ရန် တောင်းဆိုခဲ့ပါသည်။ ယခုကဲ့သို့ တောင်းဆိုမှုများအား ကြိုဆို သော်လည်း ယင်းတောင်းဆိုမှုများသည် အသစ်အဆန်း မဟုတ်သကဲ့သို့ အရေး ပါသည့် အချက်အလက်များလည်း မပါဝင်ဘဲ ကျန်ရှိနေသည်ကို တွေ့မြင်ရ ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များ အတွက် ကတိ ကဝတ်ပြုထား သည့် အီးယူ-အာဆီယံ ကတိကဝတ်ပြုမှုသည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲရလဒ်ကိုသာ အတည်ပြု လက်ကိုင်ထား၍ အကြမ်းဖက်စစ်အုပ်စု ၏ အတုအယောင် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းမှု အားလုံးကို တားဆီး ပိတ် ပင် ခြင်းဖြင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီ ဆန္ဒအား လေးစားမှုကို ပြသရမည် ဖြစ်ကြောင်း၊ ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းကို ထောက်ခံ ရမည်ဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စု၏ ဥပဒေမဲ့ အရေးပေါ် အခြေ အနေ ကြေညာခြင်းတို့အား ပယ်ချရမည် ဖြစ်ကြောင်း ပါရှိသည်။

လေယာဉ်ဆီ ရောင်းချနေသူများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ခြင်း အပါ အဝင် အကြမ်းဖက် အပြစ်မဲ့အရပ်သားများအပေါ် နောက်ထပ် ရက်စက် ကြမ်း ကြုတ် မှုများ ပြုလုပ် လာနိုင်မည့် စစ်အုပ်စု၏ လုပ်ဆောင် နိုင်စွမ်းအား ဖြိုဖျက် နိုင်ရန်အတွက် ထိရောက်သည့် ဆောင်ရွက်မှုကို တောင်းဆိုရမည် ဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်အုပ်စုအနေဖြင့် နိုင်ငံရေး အကျဉ်းသား များကို ထပ်မံကွပ်မျက်ခြင်းမပြုနိုင်အောင် ပြင်းထန်သည့် ဖိအားများပေးရန် လိုအပ်ကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မတည်မငြိမ် ဖြစ်စေ လျက်ရှိသည့် အကြမ်းဖက် စစ်အုပ်စုကြောင့် ဖြစ်ပေါ်နေသော ဘက်ပေါင်းစုံ အကျပ်အတည်းများအား ကူညီဖြေရှင်းပေးရန် အီးယူနှင့် အာဆီယံတို့မှ ဆောင် ရွက် မည့် နှစ်ဆတိုး ကြိုးပမ်းအားထုတ်မှုများအား အမျိုးသားညီညွတ်ရေး အစိုး ရ အနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်း ဆက်လက် ဖော်ပြထားသည်။

အမျိုးသား ညီညွတ်ရေး အစိုးရအနေဖြင့် အီးယူကဲ့သို့သော ပြင်ပ မိတ်ဖက် များထံမှ ပံ့ပိုးကူညီမှုကို ထပ်လောင်းတောင်းဆိုသည့် အာဆီယံ၏ တောင်းဆို ချက်ကို အသိအမှတ်ပြု​ကြောင်း၊ အပြန်အလှန်အားဖြင့် အာဆီယံသည် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံ အပေါ် အရေးယူဆောင်ရွက်မှုနှင့် နိုင်ငံတကာ၏ တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်နေမှုများ အပေါ် ၎င်းတို့ ၏ ထောက်ခံမှုကို လူသိရှင်ကြား ထုတ်ဖော်ပြသသင့်ကြောင်း ပြောဆိုထား သည်။

ဓာတ်ပုံ- ဒီဇင်ဘာလ ၁၄ ရက်နေ့ကျင်းပသည့် အီးယူ-အာဆီယံ ထိပ်သီး အစည်း အဝေး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article