28 C
Yangon

အင်းစိန်BPI ဆေးဝါးစက်ရုံရှေ့ မျက်နှာချင်းဆိုင် စစ်တပ်ထဲသို့ ၁၀၇ မမ ရှော့ တိုက် ဒုံးဖြင့် ပစ်ခတ်၊ BPI ဆေးဝါး ပတ်ဝန်း ကျင်တစ်ခုလုံးကို စစ်ကား အများ အပြားဖြင့် ပိတ်ဆို့ထား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ BPI ဆေးဝါးစက်ရုံအနီးရှိ စစ်တပ်ထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ယနေ့ ညပိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြ ပျောက် ကျားတပ်ဖွဲ့က ပြောသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် အင်းစိန် BPI ဆေးဝါး စက်ရုံအနီးရှိ စစ်တပ်ထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ် ကြောင်း၊ အဆိုပါ စစ်တပ်သည် ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု များ ကို အဓိက ထားနှိမ်နင်းပြီး ကျောင်းသားလူငယ်များနှင့်ပြည်သူ များ ကို သတ်ဖြတ်သည့် တပ်ဖြစ်ကြောင်း၊ အင်းစိန်ထောင်အတွင်း ဆန္ဒပြမှုများ ကို အကြမ်းဖက် ဝင်ရောက်နှိမ်နင်းသည့် ဗဟိုတပ်ဖြစ်ကြောင်း၊ BPI အနီးရှိ စစ်တပ်ထဲတွင် အထိုင်ချထားသည့်တပ်ဖြစ်ကြောင်း သိရှိရသည်။

“ခလရ ၁၆ တပ်ကို ဖယ်ပြီး အကြမ်းဖက်နှိမ်နှင်းရေးတပ်တွေ အဲဒီမှာ အထိုင်ချ ထားတာ။ လက်ရှိ ကလေးတွေ ညဘက် ဖမ်းတဲ့တပ်၊ အင်းစိန်ထောင်ထဲမှာ ကျနော်တို့ လူငယ်တွေ ရဲဘော်တွေကို ရိုက်နှက် သတ်ဖြတ်တဲ့ တပ်ပါ။ အဲဒီ တပ်ထဲကို ကျနော်တို့ ရှော့တိုက်ဒုံး ၁၀၇ မမ ၂ လုံးနဲ့ ပစ်ခတ်တာပါ” ဟု မြို့ပြ ပျောက်ကျား UG တစ်ဦးက ပြောသည်။

အင်းစိန်မြို့နယ်တွင် နေထိုင်သူများကလည်း ယနေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် တွင် အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြားရကြောင်း ပြောဆိုကြသည်။

“BPI စစ်တပ်ရှိတဲ့ဘက်က ဗုံးပေါက်တဲ့ အသံက တော်တော်ကျယ်တယ်။ ည ၈နာရီ ၃၀ မိနစ်မှာ တစ်လုံး၊ ည ၈နာရီ ၃၄ မိနစ်မှာ တစ်လုံး ပေါက်တာ။ မြေ ကြီး ပါ တုန်ခါသွားတယ်။ နည်းတဲ့အသံမဟုတ်ဘူး။ BPI စစ်တပ်ဘက်ကို ခု စစ်ကား တွေအများကြီး သွားနေတယ်။ BPI ဘက် အကုန်လုံး ပိတ်ဆို့ ထား တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- BPI ဆေးဝါးစက်ရုံနှင့် မျက်နှာချင်းဆိုင်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်က အခြေပြုပြီး ပြည်သူများကို သတ်ဖြတ်နေခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article