36 C
Yangon

အင်းတော်တိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်သား ၆၀ ခန့်သေဆုံးပြီး အလောင်းများကို စုပုံကာ နေအိမ် များ၊ ကောက် လှိုင်းများနှင့်အတူ မီးရှို့ထား၊ စစ်သားအလောင်းများ၏ အကြွင်းအကျန်များ ကျန်ရစ်

Must read

အင်းတော်တိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်သား ၆၀ ခန့်သေဆုံးပြီး အလောင်းများကို စုပုံကာ နေအိမ် များ၊ ကောက် လှိုင်းများနှင့်အတူ မီးရှို့ထား၊ စစ်သားအလောင်းများ၏ အကြွင်းအကျန်များ ကျန်ရစ်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ဒီဇင်ဘာလ ၂၆ ရက်နှင့် ၂၇ ရက်တိုက်ပွဲအတွင်း အကြမ်းဖက် စစ် ကောင်စီ တပ်သား ၆၀ ခန့်သေဆုံးကြောင်း Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁၀ နာရီခန့်က အင်းတော်မြို့နယ်၊ ခရမ်းစပ်ကုန်းရွာနှင့် မိုးလှိုင်းကုန်းရွာ ကြားတွင်လည်းကောင်း၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မဲဇာရွာမှ တက်လာသော အကြမ်းဖက် စစ်တပ်နှင့် အလယ်ဆိပ်ရွာကြားတွင်လည်းကောင်း KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲပြင်း ထန်ခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သား ၆၀ ဦးခန့်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက သူတို့ခွေးတွေအလောင်းတွေကို မခြွေရသေးတဲ့ကောက်လှိုင်းစီးတွေနဲ့လည်းမီးရှို့သွား တယ်၊ အလယ်ဆိပ်ရွာက အိမ်တွေထဲကိုလည်းထည့်ပြီးမီးရှို့သွားတယ်၊ ဒီနေ့(ဒီဇင်ဘာလ ၃၀ ရက်) နယ် မြေရှင်းလင်းရေးလုပ်တော့ အလောင်းအကြွင်းအကျန်တွေတွေ့ခဲ့တာ။ စစ်ခွေးအလောင်း တွေဆိုတာ အတည်ပြုလို့ရပါတယ်။စုစုပေါင်း ၅၉ လောင်း” ဟု Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောကြားသည်။

ယင်းနေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်ဖြင့် ချီတက်လာခြင်းဖြစ် ကြောင်း၊ ၄၀ ကျော်ခန့်ကျန်ရှိနေချိန် ညတွင်းချင်း ၆၀ ဦးအင်အားထပ်ဖြည့်ကာ ဒဏ်ရာရ စစ်သားများ နှင့်အတူ မဲဇာရွာမှ အင်းတော်မြို့သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

“အခုက မဲဇာမှာ မရှိတော့ဘူး။ အင်းတော်ကို အကုန်ခေါ်သွားပြီ။ ဒဏ်ရာရတဲ့သူတွေ အများကြီး ပါသွား တယ်လို့လဲ သိရတယ်။ ခေါ်သွားတုန်းကတောင် ပွိုင့် ၂ ပွိုင့်ခွဲပြီး သွားတာ၊ ရှေ့ပွိုင့်က စစ်ခွေးတွေက လမ်းမှာ တွေ့တဲ့ ကောက်ရိုးပုံကို မီးရှို့သွားတော့ နောက်ပွိုင့်က စစ်ခွေးတွေက ဆဲနေတာ၊ ရှေ့ကနေ မီးရှို့သွားပြန်ပြီ။ ငါတို့က နောက်ကနေ ဆော်ခံရပြန်တော့မှာ ဆိုပြီးတော့” ဟု Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယင်းတိုက်တို့တွင် အကြမ်းဖက်စစ်ကောင်စီလေတပ်မှ လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးကျဆုံးသွားကာ ကျန်နှစ်ဦးမှာ သက်သာပြီဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article