28 C
Yangon

အလယ်ပိုင်းတိုင်း တော်လှန်ရေး မဟာမိတ်များ တပ်ပေါင်းစု တည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနား ပြုလုပ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

အလယ်ပိုင်းတိုင်း တော်လှန်ရေး မဟာမိတ်များ တပ်ပေါင်းစု (Central Revolutionary Coalition – CRC) တည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

CRC တပ်ပေါင်းစုသည် ထနောင်းတပ် (မြန်မာပြည်အလယ်ပိုင်း) မှ တပ်ဖွဲ့ဝင် အချို့တို့သည် အလယ်ပိုင်းတိုင်းတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလုပ်ငန်းစဥ်များ ပိုမိုဆောင်ရွက်နိုင်ရန်အတွက် ဒေသတွင်း မဟာမိတ်အင်အားစုများနှင့် ပူးပေါင်းပြီး အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်များ တပ်ပေါင်းစုကို ပါဝင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ဒေသတွင်းမဟာမိတ်အဖွဲ့အစည်းများလည်း တက်ရောက်ခဲ့ပြီး ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ရှေ့ဆက်လုပ်ငန်းစဥ်များ ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article