33 C
Yangon

ရန်ကုန်တောင်ဥက္ကလာရှိ ယာဉ်ထိန်းရဲကင်း၊ မုဒုံမြို့ရှိ အုပ်ချုပ်ရေးမှူးရုံး နှင့် အမရပူရ စစ်တပ်ဂိတ်များကို ဖောက်ခွဲတိုက်ခိုက်မှု စစ်ကောင်စီခန့် ရာအိမ်မှူး ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာမြို့နယ်ရှိ ယာဉ်ထိန်းရဲရုံး၊ မွန်ပြည်နယ်၊ မုဒုံမြို့ရှိ အုပ်ချုပ်ရေးမှူးရုံးနှင့်မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ စစ်တပ်ဂိတ်များကို ဖောက်ခွဲတိုက်ခိုက်မှုများဖြစ်ပွားပြီး စစ်ကောင်စီခန့် ရာအိမ်မှူး ၁ ဦးသေဆုံး
ကြောင်း မြို့ပြပျောက်ကျားတပ်ဖွဲ့များက ပြောသည်။

တောင်ဥက္ကလာပရှိ ယာဉ်ထိန်းရဲကင်းတွင် ဗုံးပေါက်ကွဲ

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ၊ ဝေဇယန္တာလမ်းနှင် ဂန္ဓမာလမ်းထောင့်ရှိ ယာဥ်ထိန်းရဲရုံး ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီ ၈ မိနစ်တွင် အဝေး ထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်လိုက်ကြောင်း ရန်ကုန်မြို့ပြပျောက်ကျား တပ်ဖွဲ့ဖြစ် သော War Of Hunter Revolution Force – WOH မှ ဗိုလ်တွတ်ပီ က ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် ပျက်စီးထိခိုက်မှုများရှိနိုင်ပြီး မြို့ပြပျောက်ကျားတပ်ဖွဲ့ များ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

မုဒုံအုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်မှု စစ်ကောင်စီခန့် ရာအိမ်မှူး ၁ ဦးသေဆုံး

မွန်ပြည်နယ် မုဒုံမြို့ မြို့မ (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဗုံးပေါက်ကွဲသဖြင့် ရာအိမ်မှူး ၁ ဦးသေဆုံးကြောင်း သိရှိရသည်။

ဗုံးပေါက်ကွဲမှုတွင် ရာအိမ်မှူး၊ စာရေးအပါအဝင် စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ် ရာရပြီး ၂ ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း၊ ဒဏ်ရာပြင်းထန်သူ ၂ ဦးတွင် မော်လမြိုင် ဆေးရုံအရောက်တွင် ရာအိမ်မှူး ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရ သည်။

မုဒုံမြို့ မြို့မ ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှု သည် တတိယအကြိမ်မြောက်ဖြစ်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို မသိရှိရသေးပေ။

အမရပူရ စစ်တပ်လုံခြုံရေးကင်းတဲဂိတ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ စစ်တပ်လုံခြုံရေးကင်းတဲဂိတ်ကို ဒီဇင်ဘာလ ၅ ရက်နေ့ ညနေပိုင်း လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defense Force -NMD ကပြောသည်။

အမရပူရရပ်ကွက်သစ်နှင့် တောင်သမန်ကန်ပတ်လမ်းရှိ စစ်တပ် စစ်လက်နက် ပစ္စည်းစက်ရုံ အနောက်မြောက်ပေါက်ကင်းတဲဂိတ်ကို ဒီဇင်ဘာလ ၅ ရက်နေ့ ည‌နေ ၄ နာရီခွဲအချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုတွင် No More Dictatorship People Defense Force -NMD နှင့် VOMDY – Front Warriors တို့ပူးပေါင်းတိုက်ခိုက် ခြင်းဖြစ် သည်ဟု သိရှိရသည်။

ဓာတ်ပုံ- သမိုင်းလမ်းဆုံရှိ အကြမ်းဖက်စစ်တပ်၏ ယာဉ်ထိန်းရဲကင်း။

Photo- Agency။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article