27 C
Yangon

ဒီးမော့ဆိုတွင် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃၀ ဦးခန့် ထိခိုက်သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် KNDF/B09 တို့ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၃၀ ဦးခန့် ထိခိုက် သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်နှင့် ဘက်သလိန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် KNDF/B09 ထိတွေ့ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ ၃၀ ဦးခန့်ရှိပြီး အကြမ်းဖက် စစ်တပ်က ဘက်သလိန်ကျေးရွာနှင့် ဝမ့်လထွားကျေးရွာတို့အတွင်း အကြမ်းဖက် စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီး ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ဒေါစဲကျေးရွာမှ အရပ်သားပြည်သူ ၁ ဦး ထိခိုက် သေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဘက်သလိန်ကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ်ခဲ့ပြီး ဘက်သလိန်နှင့် ဝမ့်လထွားကျေးရွာများတွင် ခြေကုပ်ယူတပ်ဆွဲလျက်ရှိပြီး KNDF/B09 နှင့် မကြာခဏ ထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားခဲ့လျက်ရှိကြောင်း သိရသည်။

” တိုက်ပွဲ ၃ ကြိမ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က ၃၀ ဦးခန့် ထိခိုက် သေဆုံးပါတယ်။ တိုက်ပွဲငယ်တွေပေါ့။ မကြာခဏ ထိတွေ့ ပစ်ခတ်တာတွေတော့ ရှိနေတယ်” ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article