36 C
Yangon

နမ့်ဆန်တိုက်ပွဲတွင် သေဆုံးသွားသော စစ်သားအလောင်းများ များပြားလွန်း၍ ထမ်းထုတ်ရသည့် ဗီဒီယိုလက်ခံရရှိပြီး တယ်လီဂရမ်တွင် ကြည့်ရှုနိုင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာအနီးတွင် ဒီဇင်ဘာလ ၇ ရက် နေ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ဖြစ်ပွားခဲ့သော TNLA နှင့် အကြမ်း ဖက် စစ်တပ်တို့၏ အကြား တိုက်ပွဲတွင် သေဆုံးသွားသော စစ်သားများ၏ အ လောင်း များ များပြားလွန်း၍ နယ်မြေရှင်းလင်းသည့် TNLA တပ်ဖွဲ့က ထမ်းထုတ်နေရသည့် ဗီဒီယိုကို ရန်ကုန်ခေတ်သစ်က လက်ခံရရှိသည်။

အဆိုပါ ဗီဒီယိုသည် Facebook ၏ Community Standard အရ တင်ရန် အ ဆင် မပြေသဖြင့် ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/84462 တွင် ဖော်ပြထားပါသည်။

ရှမ်းပြည်နယ်၊ နမ့်ဆန်တိုက်ပွဲတွင် စစ်တပ်ဘက်မှ အလောင်း ၅၀ နီးပါး ရရှိပြီး ၂၄ ဦးကို အရှင်ဖမ်းမိကြောင်း TNLA မြေပြင်သတင်းရင်းမြစ်များက ရှမ်းသံ တော် ဆင့် သတင်းဌာနကို ထုတ်ဖော်ပြောဆိုကြပြီး TNLA ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး တာအိုက်ကျော်ကမူ နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိကြောင်း ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဒီဇင်ဘာလ ၇ ရက်နေ့ကတည်းက ဖြစ်ခဲ့တာ တိုက်ပွဲက ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်က နေပြီးတော့ တိုက်ပွဲ မဖြစ်တော့ဘူး။ နှစ်ဖက်လုံး ဆိုင်ထား ကြတယ်။ စစ်ရေးကတော့ တင်းမာတယ်။ နှစ်ဖက်လုံး ထိခိုက်ရှိတယ်။ ထိခိုက် ကျဆုံးမှု အတိအကျ မရသေးဘူး။ ဘယ်လောက်အကျအဆုံး မသိရသေးဘူး။ ထိခိုက်မှုက နှစ်ဖက်လုံးမှာ ရှိတယ် ” ဟု ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။

TNLA ၊ AA ၊ MNDAA မြောက်ပိုင်းမဟာမိတ် ၃ အဖွဲ့နှင့်နီးစပ်သော သတင်း ရင်းမြစ်တချို့ကမူ စစ်တပ်နှင့် TNLA တိုက်ပွဲတွင် စစ်တပ်ဘက်မှ အထိနာပြီး TNLA ဘက်မှလည်း ကျဆုံးမှုရှိကြောင်း၊ စစ်တပ်ဘက်မှ အင်အား ၁၀၀ ရှိသော စစ်ကြောင်း တစ်ခုလုံး အကုန်သေဆုံး သွားသည်ဟု သိရှိထားကြောင်း ပြော ဆို သည်။

TNLA သတင်းရင်းမြစ်ကမူ ရှမ်းသံတော်ဆင့် သတင်းဌာနသို့ ပြောဆိုရာတွင် စစ်တပ်ဘက်မှ သေဆုံးသူ ၄၇ လောင်း ရရှိထားပြီး အရှင် ဖမ်းမိသူ ၂၄ ဦး ရှိကြောင်း၊ TNLA ဘက်မှ ကျဆုံးသူများလည်းရှိကြောင်း ဖော်ပြထားသည်။

(WARNING – GRAPHIC PHOTOS- စိတ်မချမ်းသာဖွယ်ရာ ဓာတ်ပုံနှင့် ဗီဒီယိုများ ဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article