29 C
Yangon

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် မြန်မာနိုင်ငံရှိ CDM ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ရန် မဲလက်မှတ်ရောင်းရငွေ ကျပ်သိန်း ၁၆၀၀ ရရှိထား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် မြန်မာနိုင်ငံရှိ CDM ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ရန် “ရင်သွေးငယ်တို့ပညာရေးမိဘပြည်သူဝိုင်းကူပေး” ခေါင်းစဥ်ဖြင့် မဲလက်မှတ် ရောင်းရငွေ ကျပ်သိန်း ၁၆၀၀ ရရှိထားပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဒေါက်တာ ဇော်ဝေစိုး၊ အရှင်ထာဝရ (နော်ဝေ)၊ ဆရာမ ဒေါ်ဂျာသွယ်ပန်တို့မှလည်း အမှာစကား ပြောကြားကာ ကံစမ်းမဲ ဖွင့်ပွဲ အခမ်းအနားပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ကျန်နေသော မဲလက်မှတ် အဆောင်ရေ ၃၀၀ အား ထပ်မံဝယ်ယာကြရန် ဒယ်ဂူး ဘုန်းဘုန်းမှ တိုက်တွန်းစကားပြောဆိုခဲ့ပြီး မဲလက်မှတ် တစ်စောင်လျှင် ၁၀၀၀၀ ဝမ်သတ်မှတ်ထားကာ ကိုရီးယားနိုင်ငံတွက် အဓိကထားရောင်းချနေပြီး စင်္ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင်လည်း ရောင်းချလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article