34 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ်မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၃ ဦး သေသွားတယ်လို့ သိမ်းဌက်ပြောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။ – ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ အတွင်းက ဝါသိုးလော်ကျေးရွာထဲကို အကြမ်း ဖက်စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ တိုက်လေယာဉ်နဲ့ ဗုံးကျဲချခဲ့ရာမှာ လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ KNU တပ်မ ဟာ ၅ ကနေ သတင်းထုတ်ပြန်ထားပါတယ်။ – စစ်ကိုင်းတိုင်းက သတင်းကိုဆက်ချင်ပါတယ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မအူပင်-ရွာမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က စပါးရိတ်သိမ်းနေတဲ့ ဒေသခံပြည်သူ ဦးဖိုး- သီတိုးကို အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article